part68

212 30 0
                                    

unicode

အခန်း (၆၈)

“ကျွန်တော်ပြောတာက ဆရာ့ဆီကို ဖြူဖြူအကောင်တစ်ကောင် လာနေတယ် ဆိုတာကိုပါ”

ကျန်းမင်ရှီ နောက်ပြန်လှည့်ကြည့်မိတော့ မြေပါဖြူလေး တစ်ကောင်၊ ကောင်းကင်မင်းကြီးမှာ ဇနီးဘယ်နှစ်ယောက် ရှိလဲ ဆိုတာကို မသိတဲ့သူပင် ရှိနိုင်သော်လည်း မြွေပါဖြူလေးရဲ့ပိုင်ရှင် ဘယ်သူလဲ ဆိုတာကို မသိတဲ့သူ ဘယ်သူမှမရှိ။

သူက ကောင်းကင်စတည်ခဲ့သော လက်ကျန်နတ်မင်း ချီးရှီ၏အချစ်တော်ငယ်လေး၊ ကျန်းမင်ရှီ ပန်းတစ်ရာဥယျာဉ်အတွင်းက မြေအောက်ခန်းအတွင်းမှ သေရည်တစ်အိုးကို ယူလာပြီးနောက်မှ မြွေပါဖြူလေးကို ကမ်းပေးလိုက်သည်။

သို့သော်မြွေပါဖြူလေးက သေရည်အိုးကို ကမ်းမယူပါပဲနှင့် ဟူအာ၏ ပုခုံးပေါ်သို့ ပြေးတက်လာလေသည်။ ဟူအာ ထိုမြွေပါလေးကို လက်ဖြင့် ထိရန် ကြိုးစားတော့ သူလေးက လက်သေးသေးလေးဖြင့် ပုတ်ချလေသည်။ ပြီးနောက် ဟူအာပေါ်မှ ခုန်ဆင်းလိုက်ပြီး ဟူအာ၏ ဝတ်ရုံစကို စတင်ဆွဲတော့သည်။

ဟူအာက တုတ်တုတ်မှ မလှုပ်တော့ ခါးစည်းကြိုးကို ခုန်ကာ ဖြေလိုက်သည်။ ဟူအာ ခါးစည်းကြိုးကို ပြန်ချည်တော့ သူက ပြန်ဖြေသည်။ ဟူအာနှင့်သူ ချာချာလည်နေတော့မှ ကျန်းမင်ရှီနတ်မင်းက ဟူအာ၏ပုခုံးကို ပုတ်လိုက်ပြီးမှ၊

“သူ မင်းကို ချီးရှီနတ်မင်းဆီကို ခေါ်နေတာ၊ မင်း အဲဒီနတ်အိုဆီ ခဏလောက်တော့ သွားလိုက်ပါ၊ သက်ကြီးရွယ်အိုကို မလေးမစားမလုပ်ရဘူး”

သက်ကြီးရွယ်အိုဟူသော အခေါ်အဝေါ်သာ ချီးရှီနတ်မင်း ကြားလို့ကတော့ တဟားဟားနှင့် အော်ရယ်ပေလိမ့်အုံးမည်။ ပြီးလျှင် သက်ကြီးရွယ်အိုတွေက မေ့တတ်တယ်ဟု ဆိုကာ ပညာလှလှလေး ပေးပေအုံးတော့မည်။

“ဆရာ”

“လိုက်သွာလိုက်ပါ၊ မင်း အဲဒီစာအုပ်လိပ်ပါ ယူသွား၊ အမှောင်နန်းဆောင်က အမှောင်ကိုးပါးကို တိုက်ထုတ်တဲ့ ကျင့်စဉ်ကို လေ့ကျင့်ဖို့ အကောင်းဆုံးပဲ၊ ဒါပါ ယူသွားလိုက်”

ကျန်းမင်ရှီ နတ်မင်းက ပန်းမျိုးစုံ သေရည်အိုးကို ကမ်းပေးလာရင်း ဆိုတော့ ဟူအာ လှမ်းယူလိုက်ရသည်။ ကျန်းမင်ရှီ နတ်မင်းက သူ့နန်းဆောင်မှ မထွက်ခွင်တွင် မကျေမနပ်ပြောလာလေသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီDonde viven las historias. Descúbrelo ahora