Arc-5.11(The Sun's Tears)

Start from the beginning
                                    

"မင်းအသက်က ဘယ်လောက်လဲ" အန်ဒီဟာ လက်ပိုက်ရင်း နိုရာကို ခြေဆုံးခေါင်းဆုံးကြည့်ရင်းမေးလိုက်သည်၊

"မင်းပုံစံက အသက်ပြည့်ပြီးတိုင်း လူငယ်တစ်ယောက်ပါ...အင်း...စိတ်မကျန်းမာတာလား သူငယ်နာမစင်တာလား အခုထိ ဖြစ်ပျက်သမျှကို ကလေးတစ်ယောက်လို တိုင်ပြောမယ်ဆိုတော့" အန်ဒီဟာ တွေးတောကာ သူ့ဘာသာအဖြေထုတ်ရင်း နိုရာကိုပါ ရောမေးသလို ပြောဆိုနေတော့သည်။

"မင်း!!!"နိုရာမျက်နှာဟာ ဒေါသကြောင့်ရဲတက်သွားပြီးနောက်မှာ အန်ဒီကို လက်ညှိုးထိုးကာ

"မင်းနာမည်ပြောစမ်း!"

"ကျေးဇူးပြုပြီး မင်းနာမည်ပြောပါလားလို့ တောင်းဆိုရင်တော့ ငါ့နာမည်ပြောဖို့ စဉ်းစားပေးမယ်"အန်ဒီဟာ ပြောလိုက်ပြီးနောက်မှာ ဂျွန်းပေးလာသည့်ဝိုင်နီကို ကမ်းယူလိုက်ကာ အရသာခံမြည်းလိုက်ပြီး နိုရာကိုကြည့်ကာ မေးငေါ့လိုက်သည်။

"ဘယ်လိုလဲ"

"မင်းလို လူကများ!" ဂျွန်းကပါ ထိုလူကို ဝိုင်ခွက်ကမ်းပေးနေသည်ကိုမြင်တော့ နိုရာဒေါသပိုထွက်သွားတာအမှန်ပေ၊သာမန်လူတန်းစားဟာ ဂျွန်းကိုမှီခိုကာ ဘေးပတ်ဝန်းကျင်ကစိတ်ဝင်စားမှုကိုပါ ရရှိထားသေးသည်။အချောင်ခိုသမားတွေကို နိုရာအမုန်းဆုံးပင်၊

ဂျွန်းက ယောကျာ်းကော၊မိန်းကလေးကော ကြည့်ကောင်းရင် အိပ်ယာထဲခေါ်သွင်းတဲ့လူစားမျိုးဆိုတာ အကုန်လုံးသိကျသည်၊ဒါပေမယ့် နိုရာဟာ gayမဟုတ်ပေမယ့် ဂျွန်းလို ကြည့်ကောင်းကာ
ငွေကြေးပြည့်စုံတဲ့သူကိုတော့ ကြိုးဆွဲရသည်ကို သဘောကျသည်။ပြီးတော့ ဂျွန်း သူ့ဆီလာမည်ကိုလဲ ယုံကြည်ခဲ့သည်၊

"ဂျွန်း! ပါတီကို ပါတနာခေါ်ခွင့်ပေးထားရင်တောင် အထက်တန်းလွှာထဲကလူကို ရွေးချယ်ပြီးခေါ်လာသင့်တယ်!" နိုရာဟာ ဂျွန်းအား မကျေနပ်စွာပြောလာတော့ ဂျွန်းဟာ မျက်မှောင်ကြုတ်သွားပေမယ့် အန်ဒီဟာ ဝိုင်ခွက်ထိုးပေးလာတာကြောင့် ဂျွန်းငြိမ်သက်သွားကာ အန်ဒီရဲ့ဝိုင်ခွက်ကို ကိုင်လိုက်သည်။

"အထက်တန်းလွှာကို... ရွေးချယ်ရမယ် အာ...ငါ့မှာ ပိုင်ဆိုင်မှုဆိုလို့ သာမန်လုပ်ငန်းလေးရယ်၊ဟိုတယ်တစ်ခုလောက်ပဲရှိတာဆိုတော့... ဂျွန်း ခင်ဗျားဘယ်လိုထင်လဲ" အန်ဒီဟာ ဂျွန်းဘက်လှည့်ကာမေးလိုက်သည်။

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now