Arc-5.3(The Sun's Tears)

Start from the beginning
                                    

"နာမည်က ဘော့ရိန်း အသက် ၄၆နှစ်ရှိပြီး...စံပြစုံထောက်တစ်ဦး ဟုတ်တယ်မလား" မေးလိုက်တော့ ဘော့ရိန်းဟာ သူ့ကို ပြန်ခြိမ်းခြောက်သည့်အကြည့်များဖြင့် စိုက်ကြည့်လာပြီး

"ဒီမှာ လူငယ်လေး... မင်းကို ဘယ်သူလွှတ်လိုက်တာလဲ စုံထောက်တစ်ဦးကို တိုက်ခိုက်တယ်ဆို ကြီးလေးတဲ့အပြစ်နော်... တကယ်လို့ မင်းသာ အေးဆေး ပြန်ထွက်သွားမယ်ဆို... "

*ဒိုင်း*

ဘေးနားက ကိုယ်လုံးတီးနဲ့အမျိုးသမီးဟာ နဖူးမှာ အပေါက်ရာကြီးဖြစ်ကာ ကုတင်ပေါ့လဲကျ သေဆုံးသွားတော့သည်၊အနီရောင်သွေးကွက်ကြီးဟာလည်း အဖြူရောင်အိပ်ယာခင်းမှာ အကျည်းတန်စွာပင်၊

"မင်း...!" ဘော့ရိန်းဟာ အရမ်းထိတ်လန့်သွားပြီး ဒီကြည့်ကောင်းသည့်လူငယ်ဟာ အမျိုးသမီးတစ်ယောက်ကို လက်လွတ်စပယ်သတ်ရဲမယ်လို့ မထင်ခဲ့ပေ၊သူဟာ ဒီလူငယ်နဲ့အနည်းငယ်​ဆွေး​နွေးကာ မသက်ဆိုင်သည့်အမျိုးသမီးကို ထွက်သွားခိုင်းဖို့တောင်းဆိုပြီး နောက်ကွယ်ကနေ အကူညီတောင်းခံရန်ဖြစ်သည်၊ဒါပေမယ့် ဒီလူငယ်ဟာ ခေါင်းကိုတချက်တည်း ပစ်ကာ ဇာတ်သိမ်းပေးလိုက်လိမ့်မည်ဟု မထင်ခဲ့တာ အမှန်ပေ၊ အခန်းဟာ သူ့အပူချိန်နဲ့သူရှိနေပေမယ့် ဘော့ရိန်းကြောက်ရွံမှုကို စတင်ခံစားနေရတော့သည်၊

"မင်း...မင်း ဘာလိုချင်တာလဲ... မင်းကို ငှါးတဲ့လူတွေပေးတာထက် ငါးဆ...မဟုတ်ဘူး ဆယ်ဆပေးမယ်...ငါ့လို ပြည်သူ့အကျိုးဆောင်စုံထောက်တစ်ဦးကို အပြစ်မရှိဘဲ မသတ်သင့်ဘူး"

အန်ဒီဟာ တရှူးတမူးပြောနေသည့်လူကို စိုက်ကြည့်ရင်း အပေါ်နူတ်ခမ်းများအပေါ်တွန့်ကွေးသွားပြီး...

"လွန်ခဲ့တဲ့ငါးနှစ်ကျော်တုန်းက အနောက်လမ်းဘက်က အသက်မပြည့်သည့်ကလေးမလေးကို ခင်ဗျား သက်ငယ်မုဒိန်းကျင့်ခဲ့တယ်...၊လွန်ခဲ့တဲ့ နှစိနှစ်ကျော်တုန်းကလည်း ခင်ဗျားကိုအပြစ်တင်ဝေဖန်ခဲ့တဲ့လူငယ်လေးကိုသာမက တမိသားစုလုံးကို ခင်ဗျားရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး ထိုထဲမှာအရွယ်မရောက်သေးတဲ့ကလေးမလေးကိုလည်း မုဒိန်းကျင့်သတ်ခဲ့တယ်...ဒါတောင် ခင်ဗျားကိုယ်ခင်ဗျား အပြစ်ကင်းတယ်ထင်နေတုန်းလား...?"

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now