Arc-5.3(The Sun's Tears)

Zacznij od początku
                                    

ထိုနောက် ဓားတိုတစ်ချောင်းကို သူ့ကိုယ်ရဲ့တစ်နေရာမှာ သိမ်းလိုက်ပြီး သေတ္တာကိုတော့ ဒီအခန်းရဲ့လုံခြုံသည့်နေရာမှာဖွက်လိုက်သည်၊ဘာပဲဖြစ်ဖြစ် နောက်ဆို၊ဒါသူရဲ့အခန်းဖြစ်လာတော့မှာပဲလေ၊

'Fox လုခ်ဘက်က ငါ့ကိုစုံစမ်းလာသည့်ကိစ္စတွေကို တတ်နိုင်သလောက်ကာကွယ်...ဥပမာ ဒီနေ့ငါလုပ်မဲ့လုပ်ရပ်လိုမျိုး'လို့ ပြောလိုက်တော့ မြေခွေးဖြူလေးဟာ ခြေနှစ်ချောင်းလေးထောင်ကာ ရဲတွေ အလေးပြုသည့်ပုံစံလေးဖြင့် လုပ်ကာ

[Fox:Yeah Sir!]လို့ ပြောလာတော့ အန်ဒီတစ်ချက်သာ ပြုံးသွားပြီး 'အေး ချစ်ဖို့ကောင်းတယ်' အသံကြားရုံနဲ စိတ်မပါစွာပြောမှန်းသိသာပေမယ့် Foxကတော့ အရမ်းကိုပျော်သွားရှာတော့သည်၊ထိုနောက် အန်ဒီဟာ ရေချိုးခန်းဘက်ကို ဝင်သွားကာ မျက်နှာကျက်ကိုကြည့်ရင်း

"ငါထင်သည့်အတိုင်းပဲ" ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ဖခင်ဟာ လူထူးလူဆန်းတစ်ယောက်ပေ၊သူဟာ လေပိုက်လုံးတွေကို အခန်းရဲ့အောက်ဘက်မှာ မထားထားပဲ၊လူတစ်ယောက်ဝင်လို့ရသည့် boxအရွယ်အစားဖြင့် မျက်နှာကျက်အိမ်သာတွေကို တစ်ခုနဲ့တစ်ခုဆက်ထားအောင် ဆောက်လုပ်ထားသည်၊အများအား ဒီလိုလေဝင်ပေါက်တွေကို မီးဖိုချောင်၊အခြားလုပ်ငန်းအချို့​တွေမှာသာ ထည့်ဆောက်တန်ကြပြီး ဟိုတယ်တွေမှာ မတည်ဆောက်ထားကြပေ၊အန်ဒီဟာ လေဝင်ပေါက်ကို တချက်ကြည့်ရင်း

'ဘာရပ်ကြည့်နေတာလဲ? မူလီတွေကို ဖြုတ်လိုက်လေ" ဘေးမှာရပ်ကြည့်နေသည့် Foxကို ပြောလိုက်မှ အမောင်Foxဟာ လှုပ်လှုပ်ရွရွဖြစ်လာပြီး မူလီတွေကို ဖြုတ်ပေးလာသည်၊ထိုနောက်မှာ အန်ဒီဟာ ဇိမ်ခံရေချိုးကန်ဘေးက ခုံကိုယူကာ မူလီဖြုတ်ထားသည့်သံဇကာအပေါက်ကို ဆွဲပွင့်လာရင်း အနည်းအားယူကာ ထိုလေဝင်ပေါက်ထဲ တက်လာသည်၊ထိုနောက် ခုနကသူခန့်မှန်းထားသည့်အတိုင်း (5009)အခန်းဆီ ဥိးတည်ကာသွားတော့သည်၊အခန်း (5009)ရောက်တော့ Foxကို မူလီထပ်ဖြုတ်ခိုင်းလိုက်ပြီး အန်ဒီဟာ ချက်ချင်းသံဇကာကို ဆွဲမဖြုတ်ပဲအခြေအနေကိုစောင့်လိုက်တော့သည်၊

အသက်လေးဆယ်အရွယ်လူတစ်ဦးဟာ ရေချိုးခန်းထဲဝင်လာတာကြောင့် သူအပေါက်နားကနေ နည်းနည်းနောက်ဆုတ်လိုက်ပြီး အခြေအနေကို စောင့်ကြည့်လိုက်သည်၊ထိုနောက် အမျိုးသမီးတစ်ဦးဟာ ရေချိုးခန်းထဲဝင်လာကာ ထိုလူရွယ်ကို အီစီကလီစီရိုက်နေကြပြီးနောက် လူရွယ်ဟာ အမျိုးသမီးကို ပွေ့ချီကာ ထွက်သွားတော့သည်၊ထိုချိန်ကြမှ အန်ဒီ သံဇကာကို ဖြုတ်လိုက်ပြီး အသံတိတ်ဆင်းလာသည်၊ဒါပေမယ့် ရေချိုးခန်းဟာ ဖန်အကြည်တွေနဲ့ကာထားတာကြောင့် သူ့မှာ အလျင်စလိုလုပ်လိုက်ပြီး အမြဲကြမ်းပြင်ပေါ် ဝမ်လိုက်ရသည်၊ကံကောင်းသည်ဟာ ကုတင်ထက်မှာ မွှန်ထူနေတာကြောင့် သူ့ကိုမမြင်လိုက်ပေ၊ဒါကြောင့် သူရဲ့ဓားတိုကို ထုတ်လိုက်ပြီး ကုတင်နားက ဆက်သွယ်ရေးကြိုးကို လှမ်းပစ်လိုက်သည်၊ထို၌ အလျင်စလိုပဲ မွှန်ထူနေသည့်နှစ်ယောက် ချွတ်ထားသည့် အဝတ်တွေကြားက ဖုန်းနဲ့သေနတ်ကို ယူလိုက်ပြီး ခုံပေါ်မှာ အေးဆေးထိုင်ချလိုက်ရင်း သူ့ကိုကြောင်အစွာကြည့်နေသည့် စုံတွဲကို အန်ဒီ ပြုံးကာကြည့်လိုက်ရင်း ....

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Opowieści tętniące życiem. Odkryj je teraz