Arc-5.3(The Sun's Tears)

Start from the beginning
                                    

မန်နေဂျာဟာ ရှေ့ကိုပြေးလွှားထွက်လာပြီး "ဘော့စ်" လို့ ခေါ်သည့်ချိန်မှသယ ကျန်သည့်ဝန်ထမ်းတွေလည်း ဒီလူငယ်ဟာ ရာလ်ဟောက်စ်ဟိုတယ်ပိုင်ရှင်မှန်း သိသွားကြတော့သည်၊ဒီလို လူငယ်ဆန်ကာ ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသည့်သူကို လမ်းတွေ့ရင်တောင် သူမတို့​ဘော့စ်ဟု ထင်မိမှာမဟုတ်ပဲ အနုပညာရှင်တစ်ယောက် ဒါမှမဟုတ် သူဌေးသားတစ်ယောက်လိုသာ ထင်မိမှာအမှန်ပေ၊ အရမ်းကြီးဆုံးအချက်က သူမတို့သူဌေးက ငယ်ရွယ်ရုံသာမက အရမ်းချောတယ်!!!

အန်ဒီဟာ အေးဆေးစွာပင် ဓာတ်လှေကားကနေတဆင့် V. I. P အခန်းတွေဘက်ကို တက်သွားတော့သည်၊သူဒီနေ့ ဒီကိုလာရောက်သည့်အကြောင်းအရင်းကလည်း သူ့စုံစမ်းချက်တွေအရ လုခ်နောက်လိုက်ထဲက လူယုံတော်တစ်ယောက်က အနုပညာတစ်ဦးနဲ့ V. I. P အခန်းနံပါတ်(5009)မှာ ချိန်းထားသည့်အကြောင်းကို သတင်းရထားတာကြောင့် ဖြစ်သည်၊

V. I. P အခန်းနံပါတ် (5000)ရောက်တော့ အန်ဒီ ကဒ်နဲ့တံခါးကို ဖွင့်ကာဝင်လိုက်တော့ သော့ကဒ်ကနေ အလန်းပေးလိုက်သည့်စနစ်ကြောင့် ဟိုတယ်ခန်းတစ်ခန်းလို နေ့ခင်းဘက်လို လင်းထိန်သွားတော့သည်၊ထိုနောက် အန်ဒီဟာ အေးဆေးဝင်ရောက်လာရင်း စားပွဲခုံပေါ် သူရဲ့စာရွက်စာတမ်းထည့်သည့်အိတ်ကို တင်လိုက်သည်၊ထိုနောက် အိတ်ကို အပေါ်ယံဖွင့်လိုက်တော့ အနက်ရောင်​​သေတ္တာဘူးဟာ အထင်းသားပင်၊ဒီစာရွက်စာတမ်းထည့်သည့် အိတ်က ဟန်ပြသက်သက်သာကိုး၊သေတ္တာကိုဖွင့်လိုက်ပြီးနောက်မှာ

*ကလစ်*ဆိုသည့်အသံနဲ့အတူ သေတ္တာဟာဖွင့်သွားပြီးနောက်မှာဟာ ငွေရောင်ဓားမြောင်များဟာ မြင်ကွင်းထဲဝင်ရောက်လာတော့သည်၊ဓားတိုများဟာ ငါးလက်မအရွယ်ရှိပြီး လက်ကိုင်အပါအဝင်ဆိုရင် ၇လက်မရှိကာ အဖျားဟာ သေးသွယ်ပြီး ချွန်ထက်ကာ တချက်ကြည့်ရုံဖြင့် အရမ်းအန္တရာယ်များသည့်ပုံစံမျိုးဖြစ်သည်၊အန်ဒီဟာ အနက်ရောင်လက်အိတ်ကို အရင်ဝတ်လိုက်ပြီး​မောက်မှာ ငွေရောင်ဓားတိုတစ်ချောင်းကို ယူလိုက်ပြီးနောက်မှာ သူ့မျက်ဝန်းများဟာ အရောင်တလဲလဲ့တောက်နေတော့သည်၊ဒီခန္ဓာကိုယ်ပိုင်ရှင်ဟာ မည့်သည့်ဆန္ဒမှမရှိပေ၊ဒါကြောင့် သူလုပ်ချင်တာ လုပ်လို့ရသည်မလား၊၊ဒါပေမယ့် သူအနေနဲ့ အရင်အန်ဒီရဲ့ဖြစ်ချင်တဲ့အိပ်မက်လေးကို အလေးထားရမည်မလား၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now