Chapter - 75

2.2K 235 7
                                    

Unicode

ဖြေထားသည့်စာမေးပွဲ အောင်စာရင်း ထွက်လာသည့်နေ့တွင် အနက်ရောင် အခန်းငယ်မှ ကျောင်းသား အများစုမှာ စိတ်ဓာတ်ပြင်းပြလာခဲ့သည်။ သူတို့၏ ပထမအတားအဆီးမှာ ကျော်လွန်သွားခဲ့ပြီလေ။

နောက်ဆက်တွဲဖြေရမည့် ပွဲများမှာ ခက်ခဲမှုက တိုးလာသော်လည်း ဆုစာရင်းဝင်နေ၍ ပြည်နယ်အဆင့် ဒုတိယဖြစ်စေ၊ တတိယဖြစ်စေရနေရင်တောင် သာမန်တက္ကသိုလ်တွေရဲ့ ကောက်ယူစာရင်းထဲဝင်သည့် အရည်အချင်းမီသွားနိုင်သည်။

ကျန်းမန့် စိတ်အခြေအနေကောင်းနေ၍၊ ချန်ဖေးအာနှင့် ညစာအတူစားပြီးနောက်မှာ အရင်က သူတို့ မကြာခဏဆိုသလို သွားဖူးခဲ့တဲ့ ကွင်းထဲကို လမ်းလျှောက်ထွက်ခဲ့လေ၏။

ဒီကာလတွေအတွင်း အလုပ်သိပ်များလွန်းနေသည်ကြောင့် တစ်ခါတစ်ရံဆို ညစာစားဖို့ အချိန်မရှိ၊ ဖြစ်သလို မုန့်ဆွဲစားရသည်။ ချန်ဖေးအာနှင့် အတူ ထမင်းမစားဖြစ်တာပင် ကြာညောင်းလှချေပြီ။

နွေရာသီတွင် နေ့တာကား ရှည်လျားပြီး ညနေ ခြောက်နာရီရောက်ထိတိုင် ကောင်းကင်၏ နေဝင်ချိန်တရီရောမှာ တောက်ပနေသည်။

ဇူလိုင်လနှင့်သြဂုတ်လများ၏ မိုးကြိုးမုန်တိုင်းဝင်သော ရာသီကုန်သွားခဲ့ပြီ။ နေသာသောရက်များနှင့်ဆန့်ကျင်စွာ ရှေ့လများထက်ပိုမိုပူပြင်းသည်။

ကံကောင်းထောက်မစွာ၊ ညဘက်တွင် လေအနည်းငယ်တိုက်နေသေးသည်။

ကျောင်းက ယခုမှ စတင်သည်ဖြစ်သောကြောင့် ရှေ့ဆက်ရန် စာမျက်နှာအသစ်များစွာကျန်ရှိနေပါသေး၏။ အထက်တန်းပထမနှစ်ကို စတင်ဝင်ရောက်လာသော အထက်တန်းကျောင်းသားမြီးကောင်ပေါက်လေးများသည် တစ်ပတ်ကျော်ကာလတိုအတွင်း အရေးကြီးသော သင်ခန်းစာများနှင့် နင်းကန်ကြိုးစားရမှုအသီးသီးကို မတွေ့ကြုံရသေးဘဲ ကျောင်း၏ အငွေ့အသက်အသစ်နှင့် တစ်ဆင့်မြင့်လာသော ကျောင်းသားဘဝ၏ ဆန်းသစ်မှုကို စံစားနေရဆဲ။

ကစားကွင်းမှာ ဘောလုံးကစားသူ၊ လမ်းလျှောက်သူတို့နှင့် အစီစီအရီရီ တက်ကြွရွှင်လန်းနေကြသည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now