Chapter - 01

8.2K 500 9
                                    

Unicode

[ T/N_ Summary မှာ ဖော်ပြထားသလိုမျိုးပဲ ဒီအပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ အကြောင်းကို တိုက်ရိုက်ရေးဖွဲ့ထားအထိတော့ မပါပေမဲ့ 'လီဝေ' ဆိုတဲ့ ဇာတ်ကောင်ရဲ့ Mental illness နဲ့ ပတ်သက်သမျှတော့ ဖတ်လို့ အဆင်မပြေတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါက ကြိုပြီး သတိပေးတာပါ။ ]

----------

နောက်ဆုံး စာမေးပွဲတွေ အပြီးမှာ အထက်တန်းပထမနှစ်ရဲ့ နွေရာသီ အားလပ်ရက်ရှည်ကြီး စတင်လာခဲ့​တော့သည်။

ကျန်းမန့် က နောက်ဆုံး စာမေးပွဲစာရွက်ကို အဆင့်တွေထည့်ပြီးလိုက်တဲ့နောက် သူမရဲ့ ပစ္စည်းတွေကို ထုပ်ပိုးကာ ရုံးကနေ ထွက်လာခဲ့တော့တယ်။ သူမ တံခါးသော့ခတ်နေတုန်းမှာ အိတ်ကပ်ထဲထည့်ထားတဲ့ ဖုန်းက ရုတ်တရက် တုန်ခါလာသည်။ ဖုန်းဝင်လာတာ ရပ်မသွားတာကြောင့် ထုတ်ပြီး စခရင်ကို ကြည့်လိုက်တော့ သူမ အမေ ကျန်းဟွေ့ဖန်းဖြစ်နေတယ်။

" ဝေ ... မား ... ဒီနေ့က နားရက်ရပြီ။ ဒီအပတ်ပိတ်ရက်ကို ပြန်လာခဲ့မယ် ... အင်း ... သိတယ် "

ဒါက ဘယ်အချိန်တုန်းက စလိုက်လဲမသိ ကျန်းမန့် သူမအမေနဲ့ စကားပြောတိုင်း သူမကို လက်ထပ်ဖို့ တိုက်တွန်းနေတဲ့ အကြောင်းချည်းပဲ ဖြစ်နေသည်။ သူမအမေ ကျန်းဟွေ့ဖန်းပြောတာက ကျန်းမန့်လို  အသက်သုံးဆယ်အရွယ်မှာ အမျိုးသမီးတွေက လက်မထပ်နိုင်သေးရင်၊ ဒါမှမဟုတ် အချစ်နဲ့ မထိတွေ့နိုင်သေးရင် ဟော်မုန်းတွေ ဆုံးရှုံးသွားပြီး လက်တွဲဖော်နဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ အခွင့်အရေးရှိတော့မှာမဟုတ်ဘူးဆိုပဲ။

ကျန်းမန့်က သူမအမေ မှန်တယ်ထင်တာပါပဲ။ ဒါပေမဲ့ မှားလည်း မှားတာပဲ။

သူမ ဘေးက အမျိုးမျိုးသော ယောက်ျားတွေအပေါ် ခံစားချက်ဖြစ်ပေါ်လာခြင်း မရှိသည်မှာ အမှန်ဖြစ်ပေမဲ့ ဒီတစ်လော အမျိုးသားတစ်ယောက်အကြောင်းကိုပဲ မကြာခဏဆိုသလို သူမ အိပ်မက်မက်နေရသည်။ ထိုအိပ်မက်ကို မက်ပြီး နိုးလာတိုင်းမှာ တုန်လှုပ် ချောက်ချားနေသည့် နှလုံးခုန်သံက ငယ်ရွယ်စဉ်အချိန်မှာ ရင်ခုန်ခဲ့ဖူးသလိုမျိုး ထပ်ခါထပ်ခါ လှုပ်ခတ်နေခဲ့သည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now