Unicode
မကြာခင်မှာပဲ ဓာတ်မှန်က ထွက်လာခဲ့သည်။ ကျန်းမန့်က အခန်းထဲဝင်သွားပြီး ဆရာဝန်ရဲ့ ဘေးမှာထိုင်ကာ သုံးသပ်ပြတာတွေကို နားထောင်နေသည်။
" ဒီ ဘယ်ဘက် လက်မောင်းအောက်က လက်ဖျံနဲ့ ဆက်ထားတဲ့နေရာက အဆစ်က ကျိုးသွားတယ်။ အဲ့တာကြောင့် ပတ်တီးစည်းရမယ်။ ဘယ်ဘက်လက်ကို ခဏတော့ မသုံးပဲနေတာ ကောင်းလိမ့်မယ်။ အသက်ငယ်သေးတော့ ကျန်းမာရေးလည်းကောင်းကြတာပဲ။ အဲ့တော့ ကောင်းကောင်းအနားယူပြီးတာနဲ့ နှစ်ပတ်၊ သုံးပတ်လောက်ဆိုရင်ကို ပြန်ကောင်းသွားမှာ။ ဒဏ်ရာက ဘယ်ဘက်လက်မှာ ဖြစ်တာ တော်သေးတယ်။ အနည်းဆုံးတော့ မင်း စာရေးလို့ရသေးတာပေါ့ "
လီဝေက ပတ်တီးစည်းရမယ်ဆိုတာကြားတော့ မျက်မှောင်ကြုတ်သွားသည်။ သူက ငြင်းဖို့ ပါးစပ်ကို ဖွင့်လိုက်တဲ့အချိန်မှာပဲ ကျန်းမန့်က အရင် ဦးအောင် ဝင်ပြောသွားသည်။
ထိုမိန်းကလေးက ပုံမှန်ထက် စကားပြောတာ ပိုမြန်နေခဲ့တယ်။
" စည်းမယ်... စည်းလိုက်ပါ ဆရာ။ ... ထူထူလေး စည်းပေးပါ ဆရာ "
ပတ်တီးနဲ့နေရတာ ခက်ခဲမှာတော့အမှန်ပင်။ ဒါပေမဲ့ သူမ စိတ်ပူတာက သူမ အရင်ဘဝမှာလို လီဝေက ဒီတိုင်း သည်းခံနေဖို့ လုပ်မှာကိုပဲ။
ဆရာဝန်က ရယ်ပြီး သူမကို နောက်တော့သည်။
" ကျောင်းသူပြောတာမှန်တာပေါ့... ပတ်တီးက ထူလေ ပိုကောင်းလေပဲ "
ပတ်တီးထူလေ ဆေးအစွမ်းပိုပြလေလို့ တွေးပြီး အလျင်စလို ပြောထွက်သွားတာ။ သေချာတာပေါ့ ဘယ်လိုလုပ် စည်းတဲ့ ပတ်တီးနဲ့ ဆိုင်လိမ့်မလဲ။ ကျန်းမန့် မှားပြောမိတာကြောင့် ရှက်ရှက်နဲ့ သူမ ခေါင်းကို ငုံ့လိုက်ပြီး သူမဘေးက လီဝေကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ကောင်လေးရဲ့ အကြည့်တွေက အကြောင်းပြချက်ရေရေရာရာမရှိဘဲ သူမ ဆံပင်ထိပ်နားမှာ ရပ်သွားပြီး ကံကောင်းစွာနဲ့ပဲ သူက ငြင်းဆိုကြောင်း တစ်ခွန်းတောင် မဆိုလေဘူး။ ပတ်တီးစည်းတာက အတော်လေးမြန်တယ်။ မိနစ် ၂၀ လောက်အကြာမှာ လီဝေက ပတ်တီးစည်းထားတဲ့ လက်ကို လည်ပင်းမှာ တွဲပတ်ကာ ဆွဲထားလျက် ထွက်လာခဲ့တယ်။ သူ့ပုံက အနည်းငယ်တော့ ရယ်ချင်စရာကောင်းတယ်။
YOU ARE READING
(Completed) An Encounter With Your Younger Self (Myanmar Translation)
言情Rebirth Plan to Save the Leader (completed) [ ပြန်လည်မွေးဖွားလာပြီးနောက် ဉာဏ်ကြီးရှင်ကို ကယ်တင်ခြင်း အစီအစဉ် ] မြန်မာဘာသာပြန် ⚠️Disclaimer I'm not the owner of the story. All the credits go to the original author. [Please don't repost any of my tr...