Chapter - 02

4.9K 457 4
                                    

Unicode

" ကျန်းမန့် ထ​တော့ ဒီ​နေ့က ​ကျောင်းပထမဆုံး​နေ့မလား။ ​နောက်မကျ​စေနဲ့​လေ "

ကျန်းမန့် သူမ အ​မေကျန်း​ဟွေ့ဖန်း ရဲ့ အသံကို ကြားလိုက်ရတာ​ကြောင့် မျက်လုံး​တွေကို ဖွင့်လိုက်သည်။

သူမ ပထမဆုံးနိုးထလာခဲ့တုန်းက ဦး​နှောက်ကို အလုပ်​ပေးကာ အတန်ကြာ​အောင်စူးစမ်းအပြီး အချိန်က မိနစ်ပိုင်း​လောက်ကို လင့်သွားခဲ့သည်။ ​နောက်ဆုံးမှာ​တော့ သူမ လွန်ခဲ့တဲ့ ၁၉ နှစ်ကို ပြန်​ရောက်လာသည်ကို အတည်ပြုနိုင်လိုက်သည်။

သူမ အိပ်ရာ​ပေါ်ကထပြီး လိုက်ကာ​တွေကို အားထုတ်ကာ မ တင်လိုက်သည်။ အပြင်ဘက်တွင်​​ ​​နွေရာသီ၏ ​နွေး​ထွေးလှသည့် ​မနက်ခင်းနေ​ရောင်ခြည်က ဖြာကျ​နေခဲ့ပြီ။ သူမ ခန္ဓာကိုယ်​ပေါ်မှာလည်း အ​နွေးဓါတ်သဲ့သဲ့​လေးကို ခံစား​နေရသည်။ ထို​နွေး​ထွေးမှု​က သူမ တစ်ကိုယ်လုံးမှာရှိတဲ့ ဆဲလ်တစ်လုံးချင်းစီတိုင်းကိုလည်း ရှင်သန်လာ​စေသလိုပဲ။

ဒီ​နေ့က သူမ ပြန်​ရောက်လာခဲ့တဲ့ ၄ရက်​မြောက်​နေ့ဖြစ်ပြီး အထက်တန်း​ကျောင်းတက်ရမဲ့ ပထမဆုံး​နေ့လည်းဖြစ်သည်။ သူမနဲ့ အတန်း​ဖော်ဖြစ်လာမည့် ဆယ်​ကျော်သက်အရွယ် ​ကျောင်းသား လီ​ဝေနဲ့ ​တွေ့မဲ့​နေ့ကလည်း ဒီနေ့ပင် ဖြစ်သည်။

ကျန်းမန့်က သူမ မျက်လုံး​တွေကို ပွတ်လိုက်ပြီး သူမအတွက် တစ်ချိန်တည်းမှာပဲ ရင်းနှီးသလို​ရော၊ စိမ်း​သက်​​နေသလို​ရော ဖြစ်​နေတဲ့ ပြတင်း​ပေါက်အပြင်က မြင်ကွင်းကို ​ငေး​နေမိသည်။

သူမ တကယ် ပြန်​ရောက်လာခဲ့ပြီ။ N မြို့​တော်ကို ... သူ ရှိခဲ့တဲ့ ဒီအချိန်... ဒီ​နေရာကို ပြန်​ရောက်လာခဲ့ပြီ။

အရင်ဘဝမှာ လီ​ဝေ​သေဆုံးသွားကတည်းကစပြီး သူမက လုံးဝကို မတူညီတဲ့ လူတစ်​ယောက်အဖြစ်​ပြောင်းလဲသွားခဲ့သည်။ သူမ စားမဝင်၊ အိပ်မ​ပျော်ဖြစ်လာပြီး လျင်လျင်မြန်မြန်ပဲ ​ရေဓါတ်​ခန်း​ခြောက်လာခဲ့သလို ခန္ဓာကိုယ်ကလည်း ချုံးချုံးကျသွားခဲ့သည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now