Chapter - 19

3K 379 4
                                    

Unicode

-- လက်ဆစ်လေးတွေကို ကွေးလိုက်ကာ သူ့ လက်ဖမိုးနဲ့ လက်မစပ်နားက နေရာလေးနဲ့ သူမရဲ့ပါးကို မြတ်နိုးစွာ ပွတ်သပ်နေပြီး ပြန်ဖယ်ဖို့ရာ ဝန်လေးနေသကဲ့သို့ နောက်တစ်စက္ကန့်တွင် ထပ်မံ ပွတ်သပ်လိုက်မိသည်။

----------

သူတို့တွေ ဆေးရုံအဝကို ရောက်လာတဲ့အခါမှ ကျန်းမန့်က အသိပြန်ဝင်လာတော့သည်။ သူမက ရှက်ပြီး ပါလေးတွေ နီမြန်းနေခဲ့၏။ သူမ အရင်ဘဝတုန်းကတောင် လီဝေနဲ့ အရမ်းရင်းနှီးတဲ့ ထိတွေ့မှုမျိုးက တကယ့်ကို မရှိသလောက်ရှားသည်။ သူနဲ့ နီးစပ်ခဲ့တဲ့ တစ်ခုတည်းသော အချိန်က သူမ လဲကျတော့မလိုဖြစ်တုန်းက လှမ်းထိန်းကာ ပွေ့ဖက်ထားခဲ့တဲ့ အဲ့တစ်ချိန်ပဲရှိခဲ့ဖူးတာဖြစ်သည်။ အဲ့တုန်းက သူမကို ဖက်ထားတဲ့ ထိုလက်တွေကလည်း သူမကို လွှတ်ပေးခြင်းမရှိခဲ့ပေ။

ထိုကဲ့သို့သော ရင်ဖိုစရာကောင်းပြီး ရင်းနှီးတဲ့ အထိအတွေ့က သူမ နှလုံးကို တဒုတ်ဒုတ်ခုန်လှုပ်စေသည်။

သူထိသွားတဲ့ နီရဲနေတဲ့ သူမ ပါးတွေကို အုပ်ထားရုံမှ တပါး ဘာမှမတတ်နိုင်တော့ချေ။ သူမ နှလုံးတွေ ထုံနေသည်။

သူ ...ဒါက ဘာကို ဆိုလိုချင်တာလဲ?

ထိုကောင်လေးက ဘာမှမပြောဘဲ သူမ ရှေ့ကနေ ဆက်လျှောက်သွားသည်။ ဒါ့ကြောင့် သူမ သူ့ မျက်နှာကို မမြင်ရ။

သူမ သူ့နောက်ကို အမြန်လိုက်သွားခဲ့သည်။ လမ်းဆုံကို ရောက်မှ သူမ ဒီနေ့ ဆေးရုံလာရတဲ့ အကြောင်းကို သတိရလိုက်မိသည်။

"လီဝေ ခဏနေ အတွင်းလူနာဌာနမှာ ငါ့ ဆွေမျိုးတစ်ယောက်နဲ့ သွားတွေ့မလို့၊ နင် အိမ်အရင် ပြန်နှင့်လိုက်လေ "

လီဝေ မျက်နှာမှာ ဘာခံစားချက်မှ မရှိသော်ငြား သူ့မျက်လုံးတွေက နွေးထွေးတဲ့ အနီရောင် နေဝင်ချိန်လိုမျိုး အငွေ့အသက်လေးတွေ ပြည့်နေသည်။ သူသည် သန့်ရှင်းတဲ့ တီရှပ်ပြောင်ကို ၀တ်ဆင်ထားပြီး သူ့နောက်တွင် နေဝင်ချိန်ရဲ့ ငွေရောင် ရောင်ပြန်တောက်ပမှုက ရှိနေ၏။ ပုဇွန်ဆီရောင်ခြယ်မှုန်းထားတဲ့ နေရောင်က ပျော့ပျောင်းသောအပူချိန်နဲ့ သူ့တစ်ကိုယ်လုံးရဲ့ လိုင်းအနားသတ်တွေကို မှုန်ဝါးစေခဲ့သည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now