Chapter - 45

2.8K 334 7
                                    

Unicode

" မန့်မန့် ကိုယ် လက်ခံလို့မရဘူး "

ကျန်းမန့် စကားပြောမထွက်တော့သည်ကြောင့် သူမ ခေါင်းကို မော့ကာ သူ့မေးဖျားလေးကို ခပ်ဖွဖွတို့ထိ နမ်းလိုက်သည်။

သူမ လက်ဖြင့် တင်းကြပ်ဆို့တစ််နေသော ကိုယ့်ရင်ကိုယ် ဖိထားမိသည်။

သူ့ကို ဒီလိုမြင်ရသည်မှာ သူမ အသက်ရှူကြပ်မတတ် ရင်နာရသည်။

ကောင်လေးဟာ အနည်းငယ် ငြိမ်သက်သွားပြီးနောက် ဆက်ပြောသည်။

" သူတို့ အခုပဲ ကိုယ့်ဆီ လာသွားတာ "

" မင်း မလာခင်တုန်းက သူတို့နှစ်ယောက်လုံး ကိုယ့်ရှေ့မှာ တစ်ချိန်တည်း အတူ ပေါ်လာပြီး ကိုယ့်နားထဲ စကားတွေပြောနေခဲ့ကြတာ "

ခဏတဖြုတ်စာ အချိန်တစ်ခုအထိ သူ စိတ်လွတ်သွားခဲ့ပြီး သူ့ကိုယ်တိုင် ဘာလုပ်ခဲ့မှန်း မသိဘူး ဖြစ်သွားသည့် အကြောင်းကို သူ မပြောဘဲ ခြွင်းချန်ခဲ့သည်။

သူအသိပြန်ဝင်လာသည့်အချိန်တွင် သူ့ဘေးနား သူမရှိနေခဲ့ပြီ။

ရုန်းကန်နေသည်မှ ရုတ်ချည်း လက်မြှောက်အရှုံးပေးလိုက်သကဲ့သို့ သူ မျက်ခွံများကို ပိတ်ချလိုက်တော့သည်။

" မန့်မန့်၊ သူတို့ပြောတာတွေအားလုံးက အမှန်တွေ။ ကိုယ်က တကယ့်ကို ရူးနေတာပဲ "

" နှစ်တွေ အများကြီးကို တကယ်ရှိမနေတဲ့ လူနှစ်ယောက်နဲ့ ကိုယ် ဖြတ်သန်းလာခဲ့တာ "

မျှော်လင့်ချက်မဲ့စွာ၊ စိတ်ပျက် နာကျင်စွာဖြင့် သူ့ခေါင်းကို ငုံ့ချလိုက်ပြီး သူမ လည်တိုင်ထက်တွင် မြှုပ်ထားလိုက်သည်။ သူ့အသံမှာလည်း မကြားနိုင်လောက်အောင် တိုးဝင်နေခဲ့သည်။

" ကိုယ့်ကို လိုချင်သေးရဲ့လား မန့်မန့် "

သူက အရူးတစ်ယောက်ပဲ။ သူ့ဘိုးအေကတောင် သူ့ကို ကြောက်လို့ စွန့်ပစ်ခဲ့တာ။

သူကိုယ််တိုင်တောင် သူ့ကိုယ်သူ စက်ဆုပ်မိပါ၏။

ဒီလိုမျိုးသူ့ကို သူမ လိုချင်ပါဦးမလား?

သူမ သူ့ကို ကြောက်နေမလား? သူ့ကို ... ထားသွားမှာလား?

" မင်း ထွက်သွားချင်ရင် ကိုယ် ... "

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now