Winter

2K 194 31
                                    

Translator note:

Hello, hello

ဘာသာပြန်သူ ဝင်းတားပါ။ တစ်နှစ်ကြာအောင် ဘာသာပြန်ကို တစိမ့်စိမ့်ရေးပြီး လေရှည်ပါဦးမယ်။

-- ဒီကမ္ဘာကြီးက ကျယ်ပြောတဲ့ စကြဝဠာကြီးထဲက ဂြိုဟ် တစ်လုံးပါပဲ။ နောက်ဆုံးမှာတော့ သူ့ကမ္ဘာဂြိဟ်ကလည်း ဆင့်ကဲဖြစ်စဉ်၏ နိဂုံး အထိ အောင်မြင်စွာရောက်ခဲ့ချေပြီ။ ဒီကမ္ဘာလောကကြီးမှာ ရှင်သန်ခဲ့ရပြီး မင်းကို ကိုယ့်တစ်ဘဝလုံး ဆုပ်ကိုင်နိုင်ခဲ့တာ ကိုယ် ဘယ်လောက်များ ကံကောင်းလိုက်လေချည်ရဲ့။ 

ဒီစာသားလေးနဲ့ 'လီဝေ' ကို နှုတ်ဆက်လိုက်ရပါပြီ။ 

သူအဆုံးစီရင်တဲ့ ဘဝလမ်းကြောင်းမှာတုန်းက 'စကြဝဠာထဲက ဂြိုဟ်တိုင်းက သူတို့ဆင့်ကဲဖြစ်စဉ်ရဲ့ အဆုံးထိ ရောက်နိုင်တာမဟုတ်ဘူး။ ကံခေလို့ သူတောင်မှ မလွတ်မြောက်နိုင်ခဲ့ဘူး' လို့ ဆိုခဲ့တယ်။ ဒီတစ်ခေါက်တော့ 'သူ'က ဒီကမ္ဘာမှာ မွေးဖွားလာခဲ့ပြီး ဘဝနေဝင်ချိန်ကို သက်ဆုံးထိ နေထိုင်ခွင့်ရရင်း 'သူမ'ကို ဆုပ်ကိုင်နိုင်ခဲ့တာ ဘယ်လောက်များ ကံကောင်းလိုက်သလဲတဲ့။ 

ဒီစာနှစ်ကြောင်းနဲ့ သူ့ရှင်သန်ခြင်းရဲ့ နိဂုံးက အင်မတန် ကွာဟကြောင်းပြသွားခဲ့တာပါ။ အဲ့တာကို စာရေးသူလောင်ရှစ်က Chapter 84 ဆက်ရေးရမလား ဇဝေဇဝါဖြစ်နေခဲ့သေးတယ်။ ရေးလိုက်တာမှန်ပါတယ်လို့ ( ငိုကြွေး ငိုကြွေး)

မန့်မန့်ကို ပြောကြတာ ခေါင်းမာတယ်ပေါ့။ သူ အရင်ဘဝမှာ အချစ်ဦးနဲ့ လွဲလို့ တစ်ကိုယ်တည်းဖြစ်ပြီး ဘဝမှာ ဘာမှဖြစ်မလာဘူး။ နောက်ဆုံး သူ့အချစ်ဦးသေတဲ့သတင်းကြားပြီးတော့ ဘဝကို အရှုံးသမားလို လက်မြှောက်ခဲ့တယ်။

ဒါကို တစ်ဖက်က ကြည့်ရင် နားလည်လို့ရပါတယ်။ ကျန်းဟွေ့ဖန်းက 'အချစ်'ဆိုတာကို ခေါင်းစဉ်တပ်ပြီး အမျိုးသားတွေ ထည်လဲတွဲခဲ့တာကို သူ မြင်ခဲ့ရတာမလား။ နောက်ဆုံး သူ လီဝေနဲ့ ကွဲသွားတဲ့အချိန် ကျန်းဟွေ့ဖန်းက ဟို‌လူနဲ့ ရသွားတယ်။ သူ့အမေ ခြေငြိမ်သွားတာကြောင့် 'အချစ်'ဆိုတာ ရှိတယ်လို့ ယုံမယ်ရှိသေး၊ အဲ့‌ွေးက မတော်တရားလုပ်ဖို့ ကြံခဲ့တာ။ ဆိုတော့ ဒါက သူ့ဘဝက မွမ်းကြပ်စရာကောင်းလွန်းခဲ့တယ် ဆိုတဲ့ ကိုယ့် အမြင်ပါ။ 

(Completed) An Encounter With Your Younger Self (Myanmar Translation)Onde as histórias ganham vida. Descobre agora