Chapter - 73

1.9K 211 5
                                    

Unicode

__" မန့်မန့်၊ ဒီမှာ ... "

လီဝေ၏ အသံသည် ထိန်းမနိုင်သိမ်းမရ ရွှင်လန်းမှုအပြည့်နှင့် သူ၏ သွယ်လျသောလက်ချောင်းဖြူဖြူများက တံခါးကို စိတ်အားထက်သန်စွာ ဖွင့်ပေးလာသည်။

လူတိုင်း : "..."

လီဝေ : "..."

စုပြုံနေသော လူ ၁၁ ဦးအနက် တစ်ယောက်က တံခါးအတွင်းဘက်တွင်ရှိပြီး ကျန်ဆယ်ဦးမှာ အပြင်ဘက်တွင် မိနစ်ဝက်ခန့် ကြောင်ကြောင်ကြီးကြည့်နေခဲ့သည်။

မြင်ရသည်မှာ နည်းနည်းတော့ ထူးဆန်းနေသဖြင့် တံခါးအပြင်ဘက်မှာ ရပ်နေသည့် အတန်းဖော် ဆယ်ယောက်လုံးရဲ့ နှလုံးသားတွေက အနည်းငယ် ထိတ်လန့်သွားကြတယ်။ အပြင်မှာ မိုးရွာနေတုန်းပဲ၊ လမ်းမှာတုန်းက မခံစားမိဘဲ ဘာလို့ အခု စင်္ကြံမှာ ရပ်နေကာမှ အေးစက်လာရတာလဲ။

တံခါးတစ်ဖက်မှာတော့ ခပ်ချောချော လူငယ်လေးဟာ မျက်မှောင်ကြုတ်နေပြီး သူ့ကိုယ်ပေါ်ရှိ ပန်းရောင် Mickey Mouse တီရှပ်အင်္ကျီလေးက တကယ့်ကို လိုက်ဖက်ညီလွန်းလှသည်။

တံခါးဖွင့်လိုက်တာနဲ့ သူ ပြုံးနေခဲ့သည်မှာ သေချာပြီး အားလုံးက သူ့မျက်နှာပေါ်က အပြုံးကို မြင်လိုက်ရသည်။

ထို့နောက်... မြင်လိုက်ရပြီး မကြာ သည်းထိတ်ရင်ဖိုရုပ်ရှင်၏ အနှေးပြကွက်တစ်ခုလို ယင်းအပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

နောက်မှာတော့ သူ နှုတ်ဆိတ်နေပြီး သူ့မျက်နှာပေါ်ရှိ အလွန်ပြင်းထန်သော လေဖိအားနည်းရပ်ဝန်းသတိပေးချက်ကြောင့် လူတိုင်း အသံမထွက်ရဲကြချေ။

လီဝေ၏မျက်လုံးများသည် ကျန်းမန့်ရှေ့ စက္ကန့်အနည်းငယ်ကြာ ရပ်သွားပြီးနောက် တွန့်ချိုးနေသော မျက်ခုံးနှစ်သွယ်ဖြစ်တည်နေသည်။ သူမနောက်မှ တစ်ယောက်ချင်းစီ၏မျက်နှာများကို အကြည့်လွှဲသွားရင်း သူ့အောက်နှုတ်ခမ်းထောင့်စွန်းကို လျှာဖြင့်သပ်လိုက်သည်။

သူ့ပုံစံမှာ ဆန်းကြယ်လို့နေသည်။

သူတို့ကို မကြိုက်တာလား? အနည်းငယ်စာလောက်ပေါ့၊ သို့သော် အတိအကျကြီးတော့ မဟုတ်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now