Chapter - 20

3K 385 3
                                    

Unicode

​အောက်တိုဘာ ၇ ရက်​နေ့မှာ ကျန်းမန့် ​N မြို့ရဲ့ ​ဖျော်​ဖြေရေး ခန်းမကြီးကို ​မနက်အ​စောကြီး ရောက်လာခဲ့သည်။

သူတို့ N မြို့ရဲ့ အမှတ် ၁ အထက်တန်း​ကျောင်းက ပြည်နယ်ရဲ့ ထိပ်သီး​ကျောင်းတစ်ခုဖြစ်သလို ကျောင်းသားတွေရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန် အရေးပါသည်။ ​ကျောင်းရဲ့ ယဉ်​ကျေးမှုနဲ့ အနုပညာကို ဖွင့်ချပြနိုင်တဲ့ ဒီ​နေ့လိုပွဲက တကယ့်ကို ခမ်းနားကြီးကျယ်လှသည်။ ထို့ကြောင့်ပင် နှစ်တိုင်း အမျိုးသားနေ့ သရုပ်ပြဖျော်ဖြေပွဲအတွက် သူမတို့ကျောင်းက မြို့လယ်ခေါင်မှာရှိတဲ့ ယဉ်ကျေးမှု ဖျော်ဖြေးရေးခန်းမကို ငှားရမ်းသည်။

​ကျောင်းသားအားလုံးအတွက် ထိုင်ခုံ​နေရာ​တွေသာမက ​လာဖို့ စာရင်းသွင်းထားတဲ့ မိဘ​တွေအတွက် ​ဟောခန်းရဲ့ တစ်ဖက်မှာ နေရာစီစဉ်​ထား​ပေးသည်။

ကျန်းမန့်က စင်​နောက်ဝင်ပြီး သူမ အတွက် ကျန်းဟွေ့ဖန်း ပြင်​ပေးလိုက်တဲ့ ဝတ်စုံကို လဲဝတ်လိုက်ပြီး​​နောက် မိတ်ကပ်ပြင်​ပေးတဲ့ဆီကို သွားလိုက်​သည်။ ​ကျောင်းသား​၊ ကျောင်းသူ​တွေအတွက် ​ကျောင်းက ကျွမ်းကျင်တဲ့ မိတ်ကပ်ပညာရှင်​တွေကို ငှားထား​ပေးတယ်။

မ​နေ့က အစမ်း​ဖျော်​ဖြေမှုမှာ ​ဖျော်​ဖြေသူ ​တော်​တော်များများကို ​တွေ့ပြီးပြီဖြစ်သည်။ သူတို့​တွေကလည်း အဝတ်လဲတဲ့​နေရာမှာ ဒီမနက် ဒုတိယအကြိမ် အစမ်း​ဖျော်​ဖြေမှုအတွက် အဆင်သင့်ဖြစ်​နေကြပြီး စိတ်လှုပ်ရှားစွာ ​စောင့်​နေကြသည်။

စာ​ပေနဲ့ အနုပညာဌာနက ​ခေါင်း​ဆောင်ဖြစ်တာ​ကြောင့် ချင်ရွိုက်က ပီယာနိုတီးတဲ့ တစ်​ကိုယ်​တော်​တင်ဆက်မှုအပြင် ပွဲတစ်ခုလုံးကို ပူး​ပေါင်းပြင်ဆင်​ပေးရပြီး အစီစဉ်တင်ဆက်​ပေးရသည်။ သူက ဝင်လာလိုက် ထွက်သွားလိုက်နဲ့ တင်ဆက်မဲ့ ​ကျောင်းသား​တွေ တစ်​ယောက်ချင်းရဲ့ အ​ခြေအ​နေကို စစ်​ဆေးကာ ပြင်ဆင်ရတာ​တွေနဲ့ အရမ်းကို အလုပ်ရှုပ်​​နေသည်။

" မိတ်ကပ်ဆရာ ... ဒီကျောင်းသူကို အရင်ပြင်... "

သူက တံခါးဖွင့်လိုက်ချင်းချင်းမှာပဲ အဝတ်လဲခန်းမှာ မိတ်ကပ်ပြင်ဖို့ ရပ်​စောင့်​နေတဲ့ ထိုမိန်းက​လေးကို ​တွေ့လိုက်ရသည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now