Chapter - 54

2.8K 342 18
                                    

Unicode

__ " လီဝေ၊ နင် ငါ့ကို သိလာတာ ဒီလောက်ကြာနေပေမဲ့ ငါ့ကို နည်းနည်းလေးမှ နားမလည်ဘူး "

ဒါကို ကြာတော့ လီဝေ အံ့ဩသွားရကာ စိုးရိမ်တကြီးဖြစ်သွားခဲ့သည်။

သူမကို သူ နားမလည်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သူမရဲ့ လှုပ်ရှားမှုတိုင်း၊ သူမ ရှင်သန်နေထိုင်မှုဘဝရဲ့ အစိတ်အပိုင်းလေးတွေကအစ လင်းလတ်နေတဲ့ အပြုံးတိုင်း၊ မျက်ရည်စက်တိုင်းကို ဒီညတွေမှာ အထပ်ထပ်အခါခါ သတိရနေခဲ့တာပါ။

ဒီလိုနည်းနဲ့သာ သူ ဆက်ပြီး နေနိုင်ခဲ့တာ။

သူမက စားသောက်တဲ့အခါ နည်းနည်းစပ်တဲ့ အရသာကို သဘောကျပြီး၊ ပင်လယ်စာဆိုရင် ပေါင်းထားတာထက် အကြော်ကိုပိုကြိုက်မှန်း သူ သိသည်။ နေဝင်ရီတရောအချိန်မှာ အလှပနံ့သင့်နေတဲ့ ပင်လယ်ကြီးနဲ့ ကမ်းခြေကို သူမ အနှစ်သက်ဆုံးဖြစ်ပြီး ထိုမြင်ကွင်းမြင်ရသည့်အချိန်တိုင်းမှာ ရွှင်မြူးစွာနဲ့ သက်ပြင်းချတတ်သည်။

သူမ အိမ်စာရေးနေသည့်အခါများတွင်ဆို မျက်မှောင်ကြုတ်ထားတတ်ပြီး ဖော်မျူလာညီမျှခြင်းတစ်ခုစီကို သပ်သပ်ရပ်ရပ် အတန်းလိုက်စီပြီး ဘေးက နံပါတ်တပ်ထားတတ်သည်။ 

သီချင်းနားထောင်ရတာရော၊ သီချင်းဆိုရတာရော ကြိုက်ပြီး သဘောအကျဆုံးက လွန်ခဲ့တဲ့ ရာစုက ဗြိတိန်ကျေးလက် အနှေးရော့ခ်သီချင်းမျိုးဖြစ်သည်။ စာသင်ရင်လည်း အမြဲတမ်း အလေးအနက်ထားပြီး နားထောင်သည်။

သူမက များသောအားဖြင့် ပြုံးရတာကို မကြိုက်ပေမဲ့ သူ့ကိုတွေ့လျှင် နှုတ်ခမ်းများထက်‌ အပြုံးများ ဖောဖောသီသီဝေဖြာအောင် ချိတ်ဆွဲထားလျက်သားပင်။ 

သူမ ဝမ်းနည်းတဲ့အခါတွေမှာ မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်ချပြီး ဒူးနှစ်ဖက်ပေါ် ခေါင်းမြှုပ်လျက် ပိုင်ရှင်စွန့်ပစ်တာခံလိုက်ရတဲ့ ကြောင်ပေါက်လေးတစ်ကောင်လို တုန်တုန်ယင်ယင်နဲ့ ကွေးကာ ငိုလေ့ရှိသည်။

သူမက ...

သူ့မှာ ချေပစရာ အချက်တွေအများကြီးရှိနေခဲ့ပေမဲ့ သူမရဲ့ ထိုစကားတစ်ခွန်းကြောင့်ပဲ ဆွံ့အ ထိတ်လန့်နေခဲ့သည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now