Chapter - 72

2.5K 252 12
                                    

Unicode

နွေရာသီအားလပ်ရက်တွင် လေ့ကျင့်ရေးစခန်းနှင့် နှစ်ပါးသွားရတော့မည်အကြောင်း သိလိုက်ရသည်။ ကျန်းမန့်နှင့် လီဝေကလွဲလျှင် ကျောင်းသားအများစုက မိုးပြိုခဲ့ကြ၏။

ကြိုးစားကြသည့် အထက်တန်းကျောင်းသားများအတွက် ပျင်းစရာကောင်းပြီး ဖိအားများလှသော စာသင်နှစ်တစ်နှစ်ကို နောက်တစ်ကြိမ်ဖြတ်သန်းကျော်လွှားနိုင်ဖို့ ပံ့ပိုးကူညီသည်က မည်သည့်အရာပေနည်း။ မှန်ပါ၏၊ ၎င်းမှာ ဆောင်းနှင့် နွေရာသီ အားလပ်ရက်ရှည်ဖြစ်သည်။ နှစ်လကြာသည့် နွေရာသီအားလပ်ရက်ကို တစ်လခွဲကြာ ရုတ်သိမ်းခံလိုက်ရသည့်အခါ ထူးချွန်ကျောင်းသားများမှာ ပြာလဲ့နေသော ကောင်းကင်ကြီးမှ ကျည်ဆံတစ်ခု ပစ်လွှတ်လိုက်သလို ခံစားရသည်။

အထူးသဖြင့် ရူပဗေဒထူးချွန်အတန်း၏ ငတုံးသုံးယောက်မှ အထက်တန်းပထမနှစ်အတန်းများတွင် သွေးဆူလွယ်သည့်လူဟု အသိများကြသည့် ချန်ကျွင့်က လျိုကျစ်ကျွင်းရုံးခန်းအထိ သွားကာ ပထမရက်အနည်းငယ်အတွင်း ပြဿနာများကို ငြီးငြူပြ၍ ဆွေးနွေးငြင်းခုန်ရန်ကြိုးစားခဲ့သည်။ အတန်းလစ်လိုက်သေးသည့်အတွက်လည်း ကျောင်းဘေးရှိ အင်တာနက်ကဖေးကနေ သူ့ကို လျိုကျစ်ကျွင်း ပြန်သွားခေါ်ခဲ့သေးသည်။

ခေါင်းမာသည့် ကျောင်းသားတချို့အတွက် ကျောင်းက နွေရာသီလေ့ကျင့်ရေး၏ အရေးပါပုံကို အသိပေးဖို့ မိဘတွေကို ခေါ်ပြီး ပြောပြသည်။ ထိုအခါ မိဘတွေက အပြိုင် သူတို့ကို စာရင်းသွင်းပေးကြသည်။

ထို့ကြောင့် ကျောင်းနှင့်မိဘများ၏ နှစ်ဆသော ဖိအားပေးမှုအောက်တွင် လူတိုင်းက ဆန့်ကျင်မှုကို ရပ်တန့်ကာ လေ့ကျင့်ရေးဘဝကို နှေးကွေးသောပုံစံဖြင့် စတင်ခဲ့ကြသည်။

သူမ မသိလိုက်ခင်မှာပဲ အနက်ရောင်အခန်းငယ်လေးမှာ နွေရာသီလေ့ကျင့်ရေးစခန်းစပြီး တစ်လခွဲကြာသွားသည်။

နေ့လည် ငါးနာရီခွဲတွင် အတန်း ဆင်းရန် ခေါင်းလောင်းသံ မြည်လာသည်။ ပြတင်းပေါက် အပြင်ဘက်တွင်ဝယ် မည်းမှောင်နေချေပြီ။ ဇူလိုင်လလယ်တွင် မကြာခဏ မိုးသည်းထန်စွာရွာသွန်းပြီး ဟိန်းဟောက်သည့် မိုးခြိမ်းသံနှင့် ရောနှောကာ အညှာအတာမဲ့စွာ ရေစီးနှင့် ဆေးကြောပစ်၍ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ပူပြင်းသော နေရောင်ခြည်ကြောင့် ဖြစ်ပေါ်လာသည့် ပြင်းထန်လှသော အပူဒဏ်ကို ဖယ်ရှားပစ်ခဲ့သည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now