Chapter - 46

2.6K 329 5
                                    

Unicode

နောက်တစ်ရက် N မြို့၌ တစ်ပတ်လုံးပွထနေခဲ့သော နှင်းမုန်တိုင်းကြီးက အဆုံးတွင်တော့ ရှင်းရှင်းပျောက်သွားခဲ့ပြီ။

ကျန်းမန့် အစောကြီး ထပြီး အရင်တစ်ခေါက်က ဆွေးနွေးခဲ့တဲ့ စိတ်ရောဂါပညာရှင်နှင့် ချိန်းဆိုမှုတစ်ခု တင်လိုက်သည်။

အခု လီဝေကိုယ်တိုင်ကလည်း သိသွားခဲ့ပြီဆိုတော့ ဤအခြေအနေတွင် ဆေးသောက်စရာမလိုပါက ဆွေးနွေးကုသမှုကို ခံယူတာ ကောင်းလိမ့်မည်။

သူမ မသိသည့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို စိတ်ပူနေဆဲပါပင်။

ကျန်းမန့် ရက်ချိန်းယူပြီးနောက် သူ ငြင်းဆန်မှာစိုးလို့ ထုတ်ပြောရမှာ နည်းနည်းခက်နေသည်။

ဘယ်သူကမှ သူ့မှာ စိတ်ပိုင်းဆိုင်ရာ ဖျားနာမှုရှိနေမှန်း ဝန်မခံချင်ကြဘူးလေ။

သူမ အံကြိတ်ကာ ပြောလိုက်တော့သည်။

" လီဝေ၊ ဒီနေ့ ငါနဲ့ ဆေးရုံသွားမယ်မလား? ငါ ဆက်သွယ်ထားပြီးပြီ။ ဆရာဝန်က ဒီအပိုင်းမှာ ကျွမ်းကျင်သူတစ်ယောက်ပဲ။ သူက တကယ့်ကို တော်တာ "

နားထောင်အပြီးတွင် လီဝေက အနည်းငယ် ခြေကုန်လက်မှိုင်းကျသွားသည်။

သူက ခဏလောက်တွေးကြည့်ပြီး လုံလုံလောက်လောက် ရုန်းကန်ပြီးသွားသလိုမျိုး ဖျော့တော့စွာ ကူရာမဲ့မဲ့ ပြုံးပြီး

" အင်း၊ ဒါဆို ကိုယ်နဲ့ အဖော်လိုက်ခဲ့ပေးလေ "

သူပြုံးတာကို မြင်ရသည့်အချိန်တွင် ကျန်းမန့် စိတ်အေးသွားခဲ့သည်။

နောက်ဆုံး ပြုံးလာခဲ့ပြီ။ သူ့အခြေအနေက ပိုကောင်းလာသည့် ပုံရှိသည်။

ဘာကြီးပဲဖြစ်နေပါစေ၊ သူ ကျော်လွှားဖို့ ဆန္ဒရှိနေသရွေ့ အခက်အခဲတိုင်းမှာ သူမ သူ့ကို အဖော်လုပ်ပေးသွားနိုင်သည်။

ဒါပေမဲ့ မလွယ်ဘူးလို့ သူမ ထင်သည်။ ဒီအဖြစ်အပျက်က သူ့အတွက် များလွန်းပြီး နေရာတိုင်းကို သူမ ဂရုစိုက်ဖို့ လိုသည်။

ကျန်းမန့် သူမ ခေါင်းကို ယမ်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဆေးရုံကို အရင်သွားတာ အကောင်းဆုံးဖြစ်မည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now