Chapter - 58

2.7K 328 12
                                    

Unicode

ကျန်းမန့် လီဝေ၏ အိမ်၌ တစ်ပတ်နီးပါးနေထိုင်ခဲ့သည်။ နောက်ဆုံးဤမနက်ခင်းတစ်ခုတွင်တော့ ကျန်းဟွေ့ဖန်း၏ အသက်ခြိမ်းခြောက်နိုင်သော ဖုန်းခေါ်ဆိုမှုတစ်ခုကြောင့် အိမ်ပြန်မှရတော့မည်။

လီဝေ၏ မိသားစုအိမ်နေရာမှာ လှပ၍ ခမ်းနားဇိမ်ကျသော်ငြား မြို့လယ်ခေါင်နှင့် အလွန်ဝေးသည်ဖြစ်၍ အထက်တန်းကျောင်းသားနှစ်ဦးအတွက် ကားမောင်းသွား၍ မဖြစ်နိုင်ချေ။

သို့ဖြစ်၍ ကျန်းမန့် အိမ်သို့မပြန်မီ လီဝေကို မြို့လယ်ခေါင်တွင်ရှိသည့် သူ့မူလ တိုက်ခန်းသို့ ပြန်ပြောင်းနေရန် ဆိုလိုက်သည်။ သို့မှသာ နေ့တိုင်း သူနှင့်အတူ အချိန်ဖြုန်းရန် လွယ်ကူမည်ဖြစ်သည်။

နှစ်သစ်၏ ခုနစ်ရက်မြောက်တွင်ဖြစ်သည်။ သူတို့နှစ်ယောက် သေတ္တာကြီးတစ်ခုဆွဲလာပြီး ဝမ်ချန်ပင်လယ်ဘက်ကို ပြန်ခဲ့ကြသည်။

နှစ်ဦးအစကတည်းက ဆောင်းတွင် ရှားပါးလှသော နေသာသည့်ရက်ကို မြို့တော်က ဖြတ်သန်းနေရပုံပေါက်သည်။ ပြီးခဲ့သည့် အခါကာလက နှင်းများအားလုံးဟာ အရည်ပျော်ခန်းကုန်တော့မည်။ လမ်းတစ်ခုစီ၏ ထောင့်နေရာများတွင်သာ မည်းညစ်ညစ်အဖြူရောင်အနည်းအကျဉ်းသာကျန်ရစ်နေလေသည်။

တောင်ပေါ်အတက်လမ်းက ဗီလာတန်းများထက်စာလျှင် မြို့လယ်ခေါင်မှ ရှုပ်ထွေးသော လူနေအိမ်ခြေ တိုက်ခန်းများက အမှန်ကိုပင် ပို၍ သက်ဝင်နေချင့်စဖွယ်ရှိနေသည်။ လူတွေက နှစ်စဉ်ပိတ်ရက်ကို အကြောင်းပြုကာ ဇာတိအိမ်သို့ အပျော်ပြန်ကြပြီး အချိန်အတော်ကြာ မတွေ့ရသည့် သူငယ်ချင်း မိတ်ဆွေများနှင့် ဆွေမျိုးများထံသို့ နှစ်ကူးဂါရဝပြုဆုတောင်းစကားများနှင့် အပြန်အလှန် နှုတ်ဆက်ကြသည်။

သူတို့ အပေါ်ထပ်ကို တက်လာတုန်းရှိသေး ဘေးအခန်းမှ အဒေါ်ကြီး အမှိုက်ထုပ်ပစ်သည့်အချိန်နှင့် ကြုံကြိုက်လို့သွးသည်။ သူတို့ကိုတွေ့သည်နှင့် ထိုအဒေါ်ဟာ ရောက်လာပြီး ပြုံးကာ လာနှုတ်ဆက်သည်။

" ပြန်ကောင်းသွားကြပြီပေါ့။ ကောင်လေး၊ အိမ်ကနေ ထပ်ပြီး ထွက်မပြေးနဲ့တော့။ ဒီကောင်မလေးက စိတ်တွေပူပြီး ငိုနေရှာတာ ငါ့စိတ်တောင်မကောင်းဘူး "

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now