Chapter - 40

3.4K 384 13
                                    

Unicode

ပူးကပ်နေသော ခန္ဓာကိုယ်နှစ်ခု အဆုံး၌ ကွာသွားသည့်အချိန်တွင် အပြင်ဘက်မှ အငြိုးဖြင့် သည်းကြီးမည်းကြီး ကျဆင်းနေသော နှင်းမုန်တိုင်းထုကြီးက ရပ်တန့်သွားခဲ့ပြီးဖြစ်သလို အပူပေးစက်မှ လေနွေးနွေးတို့ကလည်း အိပ်လို့ရသည့် အခြေအနေတစ်ခုအထိ ရောက်လာခဲ့ပြီ။

အရပ်ရှစ်မျက်နှာတစ်ခွင်ရှိ အသံဗလံအားလုံးဟာ သူတို့ အနမ်းအောက်တွင် ရပ်တန့်သွားခဲ့ရသည်ဟု ထင်ရသည်။

အလင်းရောင် မှိန်ဖျဖျ အခန်းငယ်လေးထဲတွင် လူနှစ်ယောက်၏ မူမမှန်သော အသက်ရှူသံညင်းညင်းလေးဟာပဲ ကျန်ရစ်ခဲ့လေသည်။

ကျန်းမန့် ကျောနှင့် ထိနေသည့် မာကြော အေးစက်သော ကြမ်းပြင်က စောင်ခံထားတာတောင် အဆင်မပြေဖြစ်စေသည်။ အကယ်၍ သူသာ တစ်ညလုံး ဒီမှာ အိပ်ရင် နက်ဖြန် ဖျားမှာ သေချာပေါက်ပဲ။

" အခု လီဝေ၊ ငါ နဲ့ အတူ အိပ်မယ် မလား "

လီဝေ၏ အင်္ကျီစကို ဆွဲရင်း သူ့ရင်အုပ်ထက် ခေါင်းဖြင့် တိုးဝေ့ကာ ကျန်းမန့် တိုးတိုးလေးမေးလိုက်သည်။ သူမ ပြောလိုက်သည့် စကားကြောင့် ကိုယ်တိုင်တောင် ဆွံ့အသွားရသည်။

__ သူမ အသံက ပုံမှန်ထက် အများကြီး တိုးယွပျော့ညောင်းနေပြီး ချွဲနွဲ့သည့် အသံဘက် ယိမ်းနေလျက် အမှီသဟဲပြုနေသကဲ့သို့ပင်။ 

လီဝေက ပျင်းတိပျင်းးရွဲကိုယ်ဟန်အနေအထားဖြင့် နံရံကို ကျောမှီထားပြီး သူမကိုလည်း ဖက်ထားလျက် ခေါင်းခါကာ ရယ်သံစွက်စွက် အသံမှာ ချုပ်တည်းရာ မဲ့စွာဖြင့် ခပ်ပြုံးပြုံးဆိုလာခဲ့သည်။

" မန့်မန့်၊ မင်းနဲ့သာ အိပ်ရရင် မိုးသောက်တဲ့အထိ ကိုယ် အိပ်ပျော်နိုင်မှာ မဟုတ်ဘူး "

သူ ကြမ်းပြင်ပေါ်မှာ အိပ်ရင်တောင် တောက်လောင်နေသည့် သူ့နှလုံးခုန်သံတို့ကို တစ်ညလုံး ငြှိမ်းသတ်ရမည့်အကြောင်းကို လီဝေ ထိန်ချန်ထားခဲ့သည်။

" ငါ နင့်ကို မနှောင့်ယှက်ပါဘူး။ နင်နဲ့ ဝေးဝေးကနေ အိပ်မယ်လေ အဲ့လိုဆို မဖြစ်ဘူးလား? "

သူ သဘောမတူမှာစိုး၍ ကျန်းမန့် ထပ်ပေါင်းပြောလိုက်သည်။

" နင် ဘာပဲ ပြောပြော ငါ နင်နဲ့ အိပ်မှာပဲ ! နင် အိပ်ရာပေါ် မအိပ်ရင် ငါ နင်နဲ့ ကြမ်းပြင်ပေါ်မှာ အိပ်မှာ "

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now