Chpater - 43

2.6K 347 10
                                    

Unicode

__ ကံမပါလျှင် ထိဖို့ရာတောင် မဖြစ်နိုင်သလို၊ သတ်မှတ်ထားသည့် ကံပါလာလေလျှင်လည်း မလွဲမသွေ ကြုံရမည်ဖြစ်သည်။

တရုန်းရုန်းဖြစ်နေသော ပတ်ပတ်လည်ရှိလူများထံမှ စကားစွန်းအဖျားတို့ဟာ ကျန်းမန့်ကို ကြက်သီးမွှေးညှင်းများထသွားစေသည်။

ထိုတစ်ခဏတွင် ခြောက်ခြားစွာဖြင့် သူမ လီဝေကို အတွေးရောက်သွားခဲ့သည်။ သူမ စိတ်ထဲမှ ထိပ်လန့်နေမှုကို မျှော်လင့်ချက်မဲ့စွာဖြင့် ဖိနှိပ်လိုက်ပြီး သူမ မိုဘိုင်းဖုန်းကို ထုတ်ကာ သူ့ကို ဖုန်းခေါ်လိုက်သည်။

သို့သော် ဖုန်းတစ်ဖက်မှ အမျိုးသမီးတစ်ဦး၏ အေးစက်စက် အော်ပရေတာစက်အသံဖြေကြားမှုတစ်ခုကိုသာ လက်ခံရရှိခဲ့သည်။ 

" မင်္ဂလာပါ၊ လူကြီးမင်းဆက်သွယ်နေသော နံပါတ်မှာ ဆက်သွယ်မှုမရရှိနိုင်ပါ။ နောက်တစ်ကြိမ်မှ ပြန်လည်ကြိုးစားကြည့်ပါ "

သူမ လက်မလျှော့သေးဘဲ နောက်တစ်ချက်ထပ်နှိပ်သည်။ ထိုအခါတွင်လည်း ဖုန်း ပိတ်ထားဆဲပင်။

ဖုန်းအာကုန်သွားတာကြောင့် ဖြစ်နိုင်မလား? မဟုတ်ရင်လည်း စာလုပ်နေလို့ အနှောင့်အယှက်ဖြစ်မှာစိုးလို့များလား?

မဖြစ်နိုင်ပေ။ သူမကို အိမ်ပြန်လိုက်ပို့ပေးမယ်လို့ ခုနကမှ ပြောနေသေးတယ်။ သူမကိုယ့်ဟာကိုယ် ပြန်မယ်လို့ ငြင်းခဲ့လို့သာပင်။

သူမ ထွက်မလာခင်တုန်းကပင် အိမ်ပြန်ရောက်ရင် သူ့ကို ဖုန်းခေါ်ဖို့ မမေ့ဖို့ မှာခဲ့သေးသည်။

ကြေကွဲဖွယ် ငိုသံတွေ၊ ရဲကားများ၏ မြည်ဝဲနေသော ဥဩသံတို့နှင့် လေတရှပ်ရှပ်တိုက်သံတို့ကြားတွင် ကျန်းမန့် နှလုံးက ကဆုန်စိုင်းကာ တုန်လှုပ်လာသည်။ သူမ လူအုပ်ကြီးထဲမှ လှည့်ထွက်ခဲ့ပြီး အလောတလျင် မြန်မြန်ဆန်ဆန် မပြေးရုံတမယ်လျှောက်သွားခဲ့သည်ကြောင့် နောက်ဆုံး ခြေချော်လက်ချော်ပင်ဖြစ်သွားသေးသည်။

သူမ ကားတစ်စီးတားလိုက်ပြီး တံခါးကို ဆွဲဖွင့်ပြီးသည်နှင့် ပြာယာပြာယာပြောလိုက်သည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ