Chapter - 44

2.7K 346 11
                                    

နှင်းထူထဲသော ဆောင်းတစ်ည ပင်လယ်ဘေး ကမ်းခြေတွင် ဖြစ်သည်။

ကောင်ကင်မျက်နှာတစ်ခွင်တွင် နှင်းစက်များစဲကျနေပြီး ကျန်းမန့် လက်နှစ်ဖက်လုံးကတော့ သူမ ချစ်သော ကောင်ငယ်လေးကို တင်းကြပ်စွာ ပွေ့နှံထားသည်။

ရေလှိုင်းများက ကျောင်ဆောင်နှင့် ကမ်းခြေပြင်ကို လာရောက်ရိုက်ခတ်နေသလို ပင်လယ်လေညှင်းများမှ အော်ကြွေးသံတို့နှင့်အတူ ပင်လယ်ရေပြင်ကြီးနှင့် သဲပွင့်သဲတောင်ပေါ်သို့ နှင်းချပ်ပွင့်လွှာလေးများ ငြိမ်ဆိမ်စွာ ဆင်းသက်နေကြသည်။ သူတို့နှစ်ယောက်၏ ခေါင်းနှင့် ပုခုံးတို့အပေါ်တွင်လည်း နှင်းစက်တို့ တင်ကျ နေသည်။

အလွန့်ကို နိမ့်ဆင်းနေသော အပူချိန်ကြောင့် ကြက်သီးမွေးညင်းများထောင်လာသည်အထိ ကျန်းမန့် ချမ်းနေခဲ့သည်။ လီဝေ၏ အေးစက်နေသော ပွေ့ဖက်မှုက ဤအချိန်တွင် သူမကို နွေးထွေးအောင်မလုပ်ပေးနိုင်သည့်တိုင် ကျန်းမန့် တုန်တက်မနေအောင် အတတ်နိုင်ဆုံး ကြိုးစားထိန်းနေသည်။

ချုပ်တည်းလို့မရစွာ တုန်တုန်ရီရီဖြစ်နေမှုနှင့် တောင့်ခံထားသည့်ကြားမှ ထွက်လာသော လီဝေ၏ ရှိုက်သံလေးကို ကျန်းမန့် ကိုယ်မှ ခံစားကြည့်နိုင်သည်။

အခက်ခဲဆုံးအဆင့်က ပြီးသွားပြီဟု သူမ ထင်သည်။

အလွန်ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုအောက်တွင် လူတိုင်းသည် အစစ်အမှန်နှင့် အတုအယောင်ကို မခွဲခြားတတ်တော့ဘဲ လီဝေကဲ့သို့ပင် စတင် သတိပျောက်ဆုံးကြလိမ့်မည်။ ထိုအချိန် သူ့ကို ဖေးမကူကာ အသိစိတ်ပြန်ဝင်နိုင်အောင် လှုပ်နှိုးပေးမည့်သူ မရှိလျှင် စိတ်ပိုင်းဆိုင်ရာ ပြိုလဲလာခြင်းက သူ့ပင်ကိုယ်စိတ်ဝိဉာဏ်ကို နောက်ပြန်ဆုတ်မရတော့မည့် အခြေအနေအထိ တိုက်စားသွားပေလိမ့်မည်။

သို့သော် ကျန်းမန့်က ဤအခြေအနေကို မကျေနပ်သေးသလို အကောင်းဘက်မှလည်း တွေးခေါ်ခြင်းမပြုနိုင်။

ဒီကမ္ဘာကြီးက စစ်မှန်ကြောင်း သူ သိသွားပြီဆိုရင်တောင် သူ့အတွက် လက်ခံနိုင်ဖို့ရာ များပြားလွန်းနေသေးသည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now