Chapter - 07

3.5K 402 1
                                    

Unicode

----------

ကျန်းမန့် အိမ်ပြန်ရောက်တဲ့ အချိန်မှာ ကျန်းဟွေ့ဖန်းက ဆွယ်တာတစ်ထည်ဝတ်ထားကာ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်ပြီး ဟာသရသစုံရှိုးကို ကြည့်နေခဲ့သည်။ သူမက တစ်ခုခုစိတ်ဝင်စားစရာတွေ့သွားရင် သူမ မျက်နှာက ပွင့်အာလာတဲ့ ပန်းပွင့်လိုမျိုး အားရပါးရ ထရယ်သည်။

ကျန်းဟွေ့ဖန်း ဒီထက် နုပျိုတုန်းက သူမက ဘားမှာ သူမ သူငယ်ချင်းတွေနဲ့ အတူ ပိုက်ဆံအများကြီးရှာပြီး မြို့ထဲမှာ အိမ်တွေ အများကြီးဝယ်ထားကာ သူမ မနေသည့် အိမ်တွေကိုမူ အငှားချထားသည်။

ကျန်းမန့် မှတ်မိသလောက် ကျန်းဟွေ့ဖန်းက အပြင်မှာ အလုပ်ထွက် မလုပ်တော့ဘဲ အိမ်ငှားခတွေက ရတဲ့ ပိုက်ဆံတွေကို သားအမိနှစ်ယောက်ခွဲသုံးနေကြတာပင်။ သူမတို့ နေရတာလည်း အတော်လေးကို သာယာသလောက်ရှိသည်။

ရှင်းရှင်းပြောရရင် ကျန်းဟွေ့ဖန်းရဲ့ ဘဝက အရှုပ်ထုပ်လိုမျိုးပဲ။ တခြား မိခင်တွေလိုမျိုး စေ့စေ့စပ်စပ်မရှိပေမဲ့လည်း ကျန်းမန့်အတွက်တော့ မဆိုးပါချေ။ သူမလိုမျိုး အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ လူမျိုးက သူမ တခြားလူတွေနဲ့ ဆက်ဆံနေကြ ပုံစံနဲ့ ယှဉ်ကြည့်ရင် ကျန်းမန့်အပေါ် ဆက်ဆံတဲ့ သူမ ရဲ့ အပြုအမူတွေက အများကြီး ကောင်းနေပြီဖြစ်သည်။

သူမက လူပေါင်းစုံနဲ့ တွဲနေတဲ့ အမျိုးသားတွေ တစ်ယောက်ပြီး တစ်ယောက်ပြောင်းပြီး အိမ်ကို ခေါ်လာတတ်ပေမဲ့ သူမက ဘယ်သူ့ကိုမှ အိမ်မှာ ညအိပ်၊ ညနေ အိပ်ခွင့်မပြုခဲ့ပေ။ သူမက ကိုယ့်ဘာသာ ကောင်းကောင်း ခွဲခြမ်းပြီး ကျန်းမန့်ဘဝကို သက်ရောက်မှု မရှိအောင်နေသည်။ ကျန်းမန့် ကိုယ်ကျင့်စရိုက်အပေါ် သက်ရောက်တာ၊ မသက်ရောက်တာကြတော့ သေချာပေါက် တခြားခေါင်းစဉ်တစ်ခုဖြစ်သွားချေပြီ။

" ညစာက စားပွဲပေါ်မှာ။ စားပြီးတာနဲ့ အိမ်စာသွားလုပ် "

ကျန်းဟွေ့ဖန်းက သူမ ရင်နားမှာ လျှောကျနေတဲ့ အညိုရောင် ဆံပင်လိပ်တွေကို ချောချောမွေ့မွေ့ပဲ သပ်ချလိုက်ပြီး သူမ လက်က ဖြီးသင်နေတဲ့ အလုပ်ကို ဆက်လုပ်နေသည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now