Chapter - 55

3K 367 2
                                    

Unicode 

_ " ကောင်လေး၊ ကိုယ့်ကိုယ့်ကိုယ် မနှိမ့်ချနဲ့။ နောက်ပြီး ကိုယ့်တန်ဖိုးကိုလည်း သံသယရှိစရာမလိုဘူး။ ငါ့အတွက်တော့ နင်က ကမ္ဘာတစ်ခုလုံးပဲ "

" အနာဂတ်မှာ နင့်နေရာမှာ အစားထိုးနိုင်တဲ့လူရှိမယ်လို့ မတွေးနဲ့။ ငါ နင့်ကို ဆုံးရှုံးရရင် ငါ့ဘဝရဲ့ အချစ်ကိုလည်း ဆုံးရှုံးသွားရမှာ "

ကျန်းမန့် စကားအပြီးတွင် လီဝေက သူမကို တင်းကြပ်စွာဖက်လိုက်ပြီး စကားတစ်ခွန်းပင် မဆိုနိုင်တော့ပါချေ။

တစ်ယောက်ယောက်ကို ချစ်ကြောင်း အကောင်းဆုံးဖော်ပြချက်မှာ သူ့ကို ဘယ်လောက်ချစ်ပါကြောင်း ဖွဲ့နွဲ့ဆိုပြခြင်း မဟုတ်သလို၊ သူ့အတွက် ဘယ်လောက်တောင်ပေးဆပ်ကြောင်း ရွတ်ပြနေခြင်းလည်း မဟုတ်ဘူး။

အထိရောက်ဆုံး နည်းလမ်းက မင်း သူ့ကို ဘယ်လောက်လိုအပ်ကြောင်း၊ မင်းအတွက် သူဟာ ဘယ်လောက်တောင် အရေးပါကြောင်း သူအမှန်တကယ် ခံစားမိအောင် လုပ်ပေးခြင်းပါပေ။

သူမအတွက် လီဝေက အစားထိုးရာမဲ့ပါဟု ကျန်းမန့် ဆိုခဲ့၏။

လီဝေ အမြဲတမ်းတွေးခဲ့တာက သူဟာ ကျန်းမန့်အတွက် လှပသည့်အရာဖြစ်သည့် အချစ်ဦးသာဖြစ်ပြီး၊ သူ့အတွက်တော့ သူမဟာ ကောင်းချီးတစ်ခုဖြစ်သည်၊ သူမကို လက်လွှတ်ရလျှင် သူ့ဘဝဟာ အသက်မဲ့သွားရမည်ဟူ၍ပင်။ မန့်မန့်အတွက်လည်း သူက ထိုမျှ အရေးပါမည်ဟု သူ ဘယ်သောအခါမှ မတွေးထင်ခဲ့ဖူးချေ။

ဤသည်မှာ လေနှင်ရာ ပြတ်ထွက်တော့မည့် စွန်တစ်ခုကို ချည်ထားသော ရစ်လုံး၏ ကြိုးမျှင်သဖွယ် ကမ္ဘာကြီးနှင့် သူ့ကြား ထူးခြားသော တုနှိုင်းမဲ့ အချိတ်အဆက်ကို ဖြစ်စေ၏။

ထိုအရေးပါမှုသည် သူ ရွေးချယ်ခဲ့သည့် ဆုံးဖြတ်ချက်တိုင်းဟာ သူ့တစ်ကိုယ်တည်းကိုပဲ သက်ရောက်သည် မဟုတ်ကြောင်း သူ့ကို နားလည်သွားစေခဲ့သည်။

သူမ၏ စိတ်ကို သူ နောက်ဆုံး မြင်နိုင်ခဲ့ပြီ။

သူ့ရဲ့ မန့်မန့်၊ အန္တရာယ်တိုင်းကနေ ကာကွယ်ပေးနိုင်ရန် သူ့လက်၌ ထာဝစဉ် မြဲမြဲတွဲထားချင်သော မန့်မန့်က ဒီအတောအတွင်းမှာ သူ့ကို ရှာဖို့ ပြေးလွှားခဲ့ရပြီး ဒုက္ခခံခဲ့ရသည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now