Chapter - 23

3.2K 363 4
                                    

Unicode

--" မရဘူး "

ငရဲမှ လွတ်လာသော မ​ကောင်းဆိုးဝါးကဲ့သို့ ကြောက်မက်ဖွယ်​ကောင်းသည့် အေးစက်လှသော ထိုအသံသည် ဆိတ်ငြိမ်​နေသော လမ်းထောင့်မှ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ရန်ဟွေရဲ့ အမေးစကားအတွက် ရုတ်တရက် ထွက်လာသော အဖြေက ရှိနေသူအားလုံးကို လန့်သွားစေသည်။

ကျန်းမန့် ရင်းနှီးနေသောအသံကိုကြားလိုက်ရသည့်အခါ အံ့အားသင့်စွာဖြင့်လှည့်ကြည့်လိုက်သည်။

မှိန်ဖျော့ဖျော့လမ်းမီးတိုင်အလင်းရောင်၏ အောက်တွင် အဝါရောင်သစ်ရွက်တို့ ဖုံးလွှမ်း လွှင့်တက်နေပြီး ဤနေရာနှင့် မလှမ်းတော့သည့် အကွာအဝေးမှ လျှောက်လာသော ထိုလူငယ်၏ ခြေသံများက ကျယ်လောင် စူးရှနေသည်။ ပုံမှန် ဂရုမစိုက်ဘဲ ကိုယ့်ဟာကိုယ်‌ အေးအေးဆေးဆေးနေတတ်သည့်ပုံစံက အေးစက်တင်းမာသော ရက်စက်သည့်အသွင်သို့ ပြောင်းလဲနေခဲ့သည်။

သူသည် သူမ ဘေးနားသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လာပြီးသည့်နောက် သူမ လက်ကို ဆုပ်ကိုင်ပြီး သူ့ကျောအနောက်ဘက်သို့ သူမ ကို ဆွဲပို့ကာ ထိုကျောင်းသားတစ်သိုက်ဆီမှ ကာပေးသည်။

ကျန်းမန့် စိုးရိမ်တကြီးဖြင့် သူ့လက်ကို ပြန်လည်တွယ်ဖက်ထားမိတော့၏။ သူမ လက်ဖဝါးများသည် ချွေးစေးများထွက်နှင့်ပြီဖြစ်သည်။ ယခု သူမကို သူ၏ ခြောက်သွေ့နွေးထွေးသော လက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်နှင့် သူမ ဆို့တစ်နေသည့် ခံစားချက်များဟာ သူ ဒီမှာ ရှိနေသည်ဟူသော အသိနှင့် ဖြေလျော့သွားသည်။

သူမ ဘက်ကို ယိမ်းယိမ်းလေးလှည့်နေသည့် မျက်နှာ​လေးကို ကြည့်ရန်အဖို့ငှာ သူမ ခေါင်းကို မော့လိုက်ပေမဲ့ ညရဲ့ အမှောင်ထုကြီးကြောင့် သူ့ မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်းမြင်ရရန် မဖြစ်နိုင်ပေ။ သို့သော်ငြား သူ့အသံကို ကြားလိုက်ရရုံနှင့်ပင် သူမနှလုံးသားကို တုန်လှုပ်စေခဲ့ပါသည်။

သူ ဒေါသထွက်နေသည်ပင်။

ဆိုးသွမ်းသော ထိုဆယ်ကျော်သက်အုပ်စုသည် သူတို့နှင့် ရန်ဖြစ်ဖို့ လူတစ်ယောက် ရောက်လာသည်ကို မြင်သောအခါတွင် အရှိန်အဟုန်ပြင်းစွာဖြင့် ဝန်းရံကာ သူမတို့ နှစ်ယောက်ရှိရာ ထောင့်နေရာကို ပိတ်ဆို့၍ တင်းတင်းကြပ်ကြပ် ဝိုင်းလာကြသည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now