Chapter - 36

3K 352 5
                                    

Unicode

နေ့လယ်မှ  Z မြို့ကို ရောက်ခဲ့ကြသည်။ သူတို့နှစ်ယောက်သား အထုပ်ဆွဲပြီး ဘက်စ်ကားပေါ်က ဆင်းခဲ့ကြသည်။ တစ်ခါတည်း တက္ကစီငှားပြီး ငါးပြတိုက်ကို သွားလိုက်သည်။ Z မြို့တော်၏ ကမ်းရိုးတန်းတွင် တည်ရှိသည့် ငါးပြတိုက်က သန္တာကျောက်တန်းများဖြင့် လှပလှသော ကမ်းခြေကြီး၏ ဘေးတွင်ရှိသည်။ 

 Z မြို့၏ ပင်လယ်ကြီးက ကျေက်စိမ်းရောင်သန်းနေပြီး N မြို့ကထက် ပိုလှလို့နေသည်။ 

သို့သော်ငြား နှင်းထန်နေ၍ မြင်ရသည့်အကွာအဝေးမှာ ဝိုးတိုးဝါးတားဖြင့် ကန့်သတ်ခြင်းခံနေရသည်မှာ နှမျောဖို့ ကောင်းလှသည်။ ပင်လယ်ကြီး၏ ခမ်းနားသော မြင်ကွင်းရဲ့ တစ်ဝက်ကျော်လောက်က နှင်းမြူတို့နှင့် ပိတ်ဆို့ခြင်းခံထားရသည်။ 

ကျန်းမန့် အွန်လိုင်းကနေ နေ့လယ်စာရင်းကြိုသွင်းထားချင်ပေမဲ့ ဒီနှစ်မှာ အီလက်ထရွန်းနစ်QR code လက်မှတ်များက ခေတ်စားခြင်းမရှိသေးသည်ကြောင့် လက်မှတ်ဝယ်ဖို့ အပေါက်မှာ တန်းစီစောင့်နေရသေးသည်။ ကျန်းမန့်ကို အံ့ဩစေသည့်အချက်ကတော့ ဒီလောက် ကြီးသည့် နှင်းမုန်တိုင်းကြားမှာတောင် ခရီးသည်တွေ အများကြီးရှိနေသေးတာပင်။ လက်မှတ်ရောင်းသည့် တဲလေး၏ လက်ထိုးဝင်စရာ ပြတင်းပေါက်အဝတွင် လူပေါင်းများစွာ မတ်တပ်ရပ်စောင့်နေရပြီး လိုင်းကလည်း အရှည်ကြီးဖြစ်နေသည်။ သူတို့ အလှည့်ရောက်ဖို့ နာရီဝက်နီးနီးစောင့်လိုက်ရသည်။

မြေအောက်ကို ဝင်ရသည့် ငါးပြတိုက်က သိပ်ကို ကြီးပြီး နေရာတွေအများကြီး ခွဲထားသည်။ သူတို့က ရေအောက်ကမ္ဘာဟု လူသိအများဆုံးဖြစ်သည့် အဓိက ခန်းမဘက်ကို သွားခဲ့သည်။

ထိုနေရာကို ဝင်ပြီးနောက်တွင် ပတ်ပတ်လည်မှ လေထုက စတင် စိုထိုင်းလာသည်။ ပင်လယ်နက်ထဲမှ ငါးများ၏ နေထိုင်ကျက်စားရာ ပတ်ဝန်းကျင်ကို အတတ်နိုင်ဆုံး လှုံဆော်တုံ့ပြန်နိုင်ရန် မီးဆိုင်းများကို မှိန်တိန်တိန်သာ ထွန်းထားသည်။ လာရောက်ကြည့်ရှုသူတွေဟာ အလျှိုလျှိုလျှောက်ဝင်သွားသည်နှင့် သူတို့ မျက်စိရှေ့တွင် မြင်နေရသည့် ရေအောက် ရှုခင်းကြောင့် မင်သက်နေကြသည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now