Chapter - 14

3.2K 371 1
                                    

Unicode

စက်တင်ဘာနှောင်းပိုင်းတွင် မွန်းတည့်ချိန်နေအပူချိန်က ဂျူလိုင်နဲ့ ဩဂုတ်လ​တွေထက်  အနည်းငယ်လျော့လာခဲ့ပြီး အပူလှိုင်းဟာလည်း တဟုန်တိုးတောက်တောက်လောင်နေခြင်းမရှိတော့ဘဲ ဒီနှစ်ရက်အတွင်းမှာ လအတော်ကြာပူအိုက်နေတဲ့ လေနွေးနွေးတွေကလည်း ပျောက်သွားခဲ့ပြီဖြစ်သည်။

အောက်တိုဘာ ရောက်လာရင် ဆောင်းဦးဝင်တော့မည်။ နည်းနည်းလောက်ကြာသည်နှင့် N မြို့ အထက်တန်းကျောင်းက နှစ်စဉ်ကျင်းပသည့် အမျိုးသားနေ့ပွဲကို ရောက်လာမည်ပင်။

ကျောင်းသားကောင်စီနဲ့ ကျောင်းအဖွဲ့တွေအပြင် အထက်တန်း ပထမနှစ်နဲ့ ဒုတိယနှစ်အတန်းတွေက ဖျော်ဖြေမှု နှစ်ခုကို ပြင်ဆင်ကြရမှာဖြစ်သည်။ ထို့​နောက်တွင်မူ အစမ်းဖျော်ဖြေပြီး ကျောင်းက အကောင်းဆုံးအဖွဲ့တွေကို ရွေးချယ်လိမ့်မည်။ အကယ်၍ ကျောင်းအလိုက် ဖျော်ဖြေမှု ထိပ်ဆုံး ၁၀ ခုထဲကို ဝင်သွားနိုင်လျှင် ထိုကျောင်းရဲ့ ဖျော်ဖြေ​ရေးဌာန ဒါမှမဟုတ် အဖွဲ့ကို တံခွန်အလံဆုချသွားမှာဖြစ်သည်။ 

ကျန်းမန့်တို့ အတန်းက လက်တွေ့အတန်း(သိပ္ပံအတန်း) ဖြစ်တာကြောင့် အဆင့်တွေကသာ အရေးအကြီးဆုံးဖြစ်သည့်အပြင် အတန်းပိုင်ဆရာတွေကလည်း ဒီလိုမျိုး ဆုတံဆိပ်တွေကို စိတ်ကို မဝင်စားသည်ကြောင့် အခုထိ ​ဖျော်​ဖြေမှုအတွက် အပြည့်အဝ စာရင်းမပေးသွင်းထားရသေး။ 

ကျန်းမန့်မှတ်မိတာကတော့ သူမ ပထမနှစ်အတန်းက ကျောင်းသူတချို့ ကပြတဲ့ စီစဉ်မှုလေးတစ်ခုပဲ ရှိခဲ့သည်။ အဲ့တာက နောက်ဆုံး သူတို့ ကျောင်းရဲ့ ဇကာတင်ရွေးချယ်မှုမှာတောင် မပါခဲ့ဘဲ အဆုံးသတ်သွားခဲ့သည်။

ထမင်းစားပြီးတော့ သူမနဲ့ ချန်ဖေးအာက ကျောင်းဝန်းထဲကို လျှောက်သွားကြည့်သည်။

N မြို့က အကြီးဆုံးအထက်တန်းကျောင်းဖြစ်တာကြောင့် ဖြစ်တာကြောင့် ဧရိယာအကျယ်ကြီးပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး မီတာ ၄၀၀ ရှိ​သော စက်ဝိုင်းပုံ ပြေးလမ်းနှင့် အလယ်တွင် ဘောလုံးကွင်းကျယ်ကြီးရှိသည့် စိမ်းလန်းလှပါ​သော မြက်ခင်းကျယ်ကြီး၊ ကျောင်းအလယ်တည့်တည့်ဝယ် ကာယအတန်းချိန်တိုင်း အသုံးပြုသည့် ဘက်စ်ကတ်ဘောနှင့် ဗော်လီဘောကစားတဲ့ လေးထောင့်ကွင်းရုံကြီးဆိုပြီး ကျောင်းဝန်းထဲ၌ ကွင်းပြင်နှစ်ခုရှိသည်။ 

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now