Chapter - 15

3.1K 370 6
                                    

Unicode

ကျန်းမန့်က သူ့ဘေးနားမှာ ရပ်နေခဲ့သည်။ သိပ်ကို နီးကပ်စွာ ရပ်နေခဲ့ပြီး ... သူ့ရဲ့ ညင်သာနူးညံ့နေတဲ့ အသံနဲ့ တခြားမိန်းကလေးတစ်ယောက်ကို ခေါ်နေခဲ့တာကို နားထောင်နေခဲ့သည်။

-- ကျန်းမန့် စိတ်ထဲမှာ သည်းမခံနိုင်လောက်အောင်ကို နာကျင်နေရမှုက မချိမဆံ့။

သူမက ယုံကြည်ပေးနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်ပြောနေခဲ့သည်။ သူမကို သူ ပြောပြဖူးတာမရှိပေမဲ့ ထိုမိန်းကလေးက လီဝေရဲ့ အမျိုးဖြစ်နေတာလည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ် ရင်းနှီးတဲ့ သူငယ်ချင်းတွေလည်း ဖြစ်နိုင်သည်ပင်။

သူ ဖုန်းချသွားတဲ့အထိ သူမက ရေးရေးလေးပြုံးကာ ပေါက်ကွဲတော့မည့် သူမ နှလုံးသားထဲတွင် ဖြစ်တည်နေခဲ့သော နာကျင်မှုကို ဖိနှိပ်ထားလိုက်ပြီး စိတ်ရှည်စွာ စောင့်နေခဲ့သည်။ ထို့နောက်တွင်တော့ သူမက မရည်ရွယ်လိုက်သလိုနဲ့ သူ့ကို မေးလိုက်သည်က-

" လီဝေ နင်ခုနက ဖုန်းပြောနေတာလား။ အာ... နင်.. နင့်မှာ တခြား သူငယ်ချင်းရှိတာပဲ၊ ဂျေးနက် တဲ့လား ... သူက ဘယ်သူလဲ? "

သူမ မေးလိုက်ပေမဲ့ သူ့ကို ကြည့်တောင်မကြည့်မိဘဲ သူမ ခေါင်းကို ငုံ့ထားမိကာ မြေကြီးကို သူမရဲ့ ရှူးဖိနပ်တွေနဲ့ ထိုးဆွနေပြီး ထိတ်လန့်တုန်လှုပ်နေမှုကြောင့် သူမရဲ့ လက်တွေက ချွေးတွေနဲ့ စိုစွတ်နေခဲ့သည်။

ထိုလူငယ်လေးက တွေဝေနေခြင်းမရှိဘဲ ဖြေလာခဲ့သည်။

" ဂျေးနက်က ငါ့အမေ။ အခုလေးတင် သူနဲ့ ဖုန်းပြောနေတာ "

ကျန်းမန့် သူ့အဖြေကို ကြားလိုက်အပြီးမှာ ချဉ်စူးနေခဲ့သည့် သူမ နှလုံးသားက ဖြေလျော့သွားခဲ့သည်။ ... အဲ့တာ သူ့အမေ ဖြစ်နေတာပဲ။

သူမ မျက်ဝန်းတွေက ကွေးတက်နေကာ သူ့ကို ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။

-- ပြောပါတယ်။ သူက တခြားမိန်းကလေးတစ်ယောက်ကို အဲ့လောက်ထိ သိမ်သိမ်မွေ့မွေ့ဆက်ဆံပေးတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူမက သူ့အတွက် သူများတွေနဲ့ မတူဘဲ ထူးခြားတာမလို့ဖြစ်ရမယ်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now