Chapter - 22

3.2K 405 7
                                    

Unicode

အမျိုးသားနေ့အပြီးမှာ နိုဝင်ဘာလရဲ့ အားလပ်ရပ်ရှည်ကြီးလည်း ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သက်တမ်းတိုလှသည့် နွေရာသီကလည်း နှုတ်ဆက်ကာ စတင်ထွက်ခွာသွားလေချေပြီ။ ပုစဉ်းရင်ကွဲတွေရဲ့ တေးသီကျူးသံကလည်း သေဆုံးသွားကြတော့မည်။

ဒီနှစ် N မြို့တော်ဟာ အောက်တိုဘာအစောပိုင်းမှာ စပြီး ဆောင်းဦးဝင်လာခဲ့သည်။

အထက်တန်းကျောင်းသားတွေအဖို့ "လှောင်အိမ်" ထဲသို့ ရက်စက်စွာ ပြန်လည်ထည့်သွင်းခံလိုက်ရပြီး အရင်က သဘာဝတရားကြီးရဲ့ လွတ်လပ်မှုကို ရုတ်ချည်းဆုံးရှုံးလိုက်ရသည်ကြောင့် အားလုံးက ထိုင်းမှိုင်းနေကြပြီး စိတ်ဓာက်တက်ကြွခြင်း ရှိမနေပေ။

ဤအချိန်တွင် ကျောင်းဝင်းအတွင်းရှိ အချို့သော အတင်းအဖျင်းများက တက်ကြွမှု ပျောက်ဆုံးနေတဲ့ ကျောင်းသားများအတွက် လှုံဆော်မှုတစ်ခုအနေဖြင့် တာဝန်ထမ်းဆောင်ကြရတော့သည်။

ထို့ကြောင့်ပင် သူ့ကို အချိန်အတော်ကြာ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တဲ့ အရာရဲ့ အဖြေကို သိရဖို့ လီဝေအတွက် အချိန်အတော်ကြာခဲ့ရသည်။

-- ထို လီလီပန်းစည်းရဲ့ ပိုင်ရှင်က ချင်ရွိုက်လို့ ခေါ်တဲ့လူ၊ တစ်ဖက်မှာလည်း သူ က အရမ်းတော်တဲ့ စီနီယာ တစ်ယောက်၊ ကျောင်းရဲ့ နာမည်အကြီးဆုံး ပုံရိပ်ဖြစ်ပြီး အမျိုးသားနေ့ သရုပ်ပြဖျော်ဖြေပွဲတွင် အစီစဉ်တင်ဆက်သည့် လူတွေထဲက တစ်ယောက်လို့ လီဝေ ကြားထားသည်။

ထိပ်သီး အထက်တန်းကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသားအားလုံးက တင်းကြပ်လှတဲ့ အချိန်စီမံခန့်ခွဲမှုစနစ်ကို နေ့စဉ်လိုက်နာကြရသည်။ အထူးသဖြင့် N မြို့ရဲ့ အကောင်းဆုံးအထက်တန်းကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေပေါ့။

ဤကဲ့သို့ ငြီးငွေ့စရာကောင်းလှသည့် နေ့စဥ်လှုပ်ရှားမှုတွေက ကျောင်းသားတွေကို ကျောင်းဝင်းထဲပျံ့နေတဲ့ သတင်းတွေဆီမှာ စိတ်ဝင်စားမှုကို ဖြစ်စေသည်။ ဘယ်အတင်းအဖျင်းနဲ့ မက်မွန်ပွင့် (အချစ်) ပုံပြင်တွေမဆို ကျောင်းဝန်းတစ်ခုလုံးကို ပျံ့ဖို့ ရက်အနည်းငယ်လောက်ပဲ အချိန်ကြာ​ပေလိမ့်မည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now