Chapter - 21

3.1K 380 7
                                    

Unicode

ကိုယ့်မျက်စိနဲ့ တပ်အပ် မြင်နေရတာက 'သိထားတယ်' ဆိုတာနှင့် မတူပါချေ။

သူတကယ်နေမကောင်းဖြစ်နေတာကို မျက်မြင်တွေ့လိုက်ရအပြီးမှာ ပြတ်ရှခြင်းမရှိသည့် ခပ်တုံးတုံးဓားနဲ့ အတင်းခုတ်ဖြတ်ခံ​နေရသလိုမျိုး ကျန်းမန့်နှလုံးသားက ခေါက်ချိုးခံလိုက်ရသည့်အလား ခံစားနေရပြီး နာကျင်မှုကလည်း ပြင်းထန်လာကာ သူမမှာ ခံနိုင်ရည်မရှိတော့ပေ။

အဆုံးမရှိသော အထီးကျန်မှုအလယ်တွင် သူ့မိခင် လင်ဟွေ မှလွဲ၍ အခြားသူငယ်ချင်းတစ်ယောက်အကြောင်းကိုပင် စိတ်ကူးယဉ်နေခဲ့သည်။

ဒီလိုဘဝမျိုးကို သူမ မသိခဲ့တဲ့ နှစ်ပေါင်းများစွာထိတိုင်အောင် သူ နေထိုင်ခဲ့ရသည်။

မကြာခင်မှာပဲ ထိုကောင်လေးပြန်ရောက်လာပြီး သူ့ "သူငယ်ချင်း" နဲ့ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုကို အခုပဲ ဆွေးနွေးလိုက်ရတာကြောင့် စိတ်ကြည်နေတဲ့ပုံပင်။

ကျန်းမန့် စိတ်တည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားကာ မတ်တပ်ထရပ်လိုက်ပြီး ပြုံးနိုင်ဖို့ ကြိုးစားလိုက်သည်။ သို့သော် သူမ အပြုံးများက မူမမှန်နေခဲ့ပါချေ။

ကံကောင်းထောက်မစွာ၊ ထိုကောင်လေးက လုံးဝသတိမထားမိခဲ့။

" ကျန်းမန့် မင်း ဘာလို့ဒီကိုရောက်နေတာလဲ၊ ဒီနေ့ အစမ်းလေ့ကျင့်တာ ရှိတယ် မဟုတ်ဘူးလား "

သူ့အမေးကို ကြားရပြီးနောက် လီဝေ ၆ ရက်နေ့ကတည်းက အခုထိ  ထို "ဆွေးနွေးမှု" ဆိုတာကို လုပ်နေခဲ့ပြီး လည်ပတ်နေတဲ့ အချိန်ကိုပင် သတိမပြုမိဘဲ မေ့သွားခဲ့တာ ဖြစ်နိုင်ကြောင်း သူမ သဘောပေါက်လိုက်သည်။

သူအရမ်းပင်ပန်းနေပုံပေါက်တာက မထူးဆန်းတော့။

အသက်ပြင်းပြင်းရှူကာ တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး ဒေါသအနည်းငယ်ထွက်နေသယောင်ဖြင့်- " ဟမ့်... ဘာ အစမ်းလေ့ကျင့်တာလဲ။ ငါဖျော်ဖြေပြီးသွားတာ မသိဘူးလား "

လီဝေ အနည်းငယ် အံ့သြသွားကာ သူ့လက်ပတ်နာရီပေါ်ရှိ ရက်စွဲကို တစ်ချက်ကြည့်လိုက်သည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now