Chapter - 47

2.7K 341 19
                                    

Unicode

သူတို့နှစ်ယောက် ကမ်းခြေမှ လမ်းလျှောက်ပြန်ခဲ့ကြသည်။ အစက လီဝေအိမ်မှာ ကျန်းမန့် တစ်ညနေပြီး တစ်ခါတည်း နက်ဖြန် ကျောင်းကို စာမေးပွဲသွားဖြေပြီးမှ အိမ်ပြန်ရန် တွေးထားခဲ့ပေမဲ့ ကျန်းဟွေ့ဖန်းက အိမ်ပြန်လာဖို့ ပြောသည်ကြောင့် လီဝေကို နှုတ်ဆက်ဖို့ပဲ ရှိတော့သည်။

သူမ စိတ်ပူနေသေးတာကြောင့် ဖုန်းဆိုင်ကို လီဝေနဲ့ အတူ သွားပြီး ဖုန်းအသစ်တစ်လုံးဝယ်ကာ သူမ၏ နံပါတ်ရိုက်ထည့်ပေးလိုက်သည်။

" ကောင်လေး ငါ့ကို ညကျရင် စာပို့ဦးနော် "

လီဝေ နာခံစွာ ခေါင်းညိတ်ပြပြီး သူ့နှုတ်ခမ်းတို့တွင် အပြုံးတို့ကို တွဲချိတ်လျက်ဖြင့်

" အင်း၊ မန့်မန့်။ ကိုယ် အိမ်လိုက်ပို့ပေးမယ် "

    သူမ အိမ်အောက်ထပ်ကို ရောက်တဲ့အခါ ကျန်းမန့် အပေါ်ထပ်ကို တက်တော့မလို့ လုပ်ပေမဲ့ ထိုကောင်လေး သူမ အနောက်ကနေ ခေါ်လိုက်တာကို ကြားလိုက်ရသည်။

 " မန့်မန့် "

သူ့အသံက ကြမ်းရှရှဖြစ်နေပြီး စိတ်အခြေအနေမည်သို့ရှိနေသည်ကို ကျန်းမန့် မမှန်းနိုင်ပေ။

သူမ နောက်ကို ပြန်လှည့်လိုက်ပြီး

" ဘာဖြစ်လို့လဲ။ ငါ့ကို မခွဲနိုင်လို့လား "

သူက အတော်ကြာသည်အထိ တိတ်ဆိတ်နေပြီး နောက်ဆုံးအထိ စကားပြောမထွက်ခဲ့ပေ။

ပြုံးကာ လက်ကို ဝှေ့ယမ်းပြလိုက်သည်။ သူ့မျက်လုံးများတွင် ခံစားချက်များက ပြင်းထန်နေသည်။ ဤကဲ့သို့သော ဆောင်းရာသီကြီးနှင့် ဆန့်ကျင်စွာ အပူများမြိုက်လောင်နေသကဲ့သို့ပင်။

ကျန်းမန့် စိတ်တွေလည်း ပူလောင်နေရသည်။ သူ့ဆီကို ပြန်လျှောက်သွားလိုက်ပြီးနောက် ပါးကို ဖြည်းညှင်းစွာ လှမ်းနမ်းလိုက်လေပြီးလျှင် တောက်ပလာသော သူမ မျက်လုံးများဖြင့် ကြည့်ကာ နှုတ်ဆက်လိုက်သည်။

" အင်း၊ ဒါဆို ငါ အပေါ်တက်တော့မယ်။ အိမ်မှာ တစ်ယောက်တည်းရှိနေတုန်း လျှောက်တွေးမနေနဲ့နော်။ တစ်ခုခုလိုအပ်တာရှိရင် ငါ့ကို ဖုန်းဆက်လိုက် ဟုတ်ပြီလား "

(Completed) An Encounter With Your Younger Self (Myanmar Translation)Hikayelerin yaşadığı yer. Şimdi keşfedin