Chapter - 69

2K 224 3
                                    

Unicode 

စနေမနက်အစောတွင် ကျန်းဟွေ့ဖန်း လွန်ခဲ့သည့်နှစ်ရက်ကဝယ်ပေးထားခဲ့သော နွေဦးပေါက်ဝတ်စုံအသစ်ကို ကျန်းမန့်ဝတ်ခဲ့ပြီး အောက်ထပ်ကို အပြေးဆင်းခဲ့သည်။

ထမင်းစားပွဲမှာ ထိုင်ရင်း ကျန်းဟွေ့ဖန်းက သူမသမီး ငန်းဝါရောင်ဝတ်စုံနဲ့ လယ်သာရှူးဖိနပ်အသေးလေးဝတ်ထားပြီး နီတောက်တောက်မျက်နှာနှင့် တံခါးကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေသည်ကို ကြည့်နေခဲ့၏။

သူမ ပေါက်စီအစာသွပ်ပေါင်းကို တစ်ကိုက်ကိုက်လိုက်ပြီး ရွှီရှန့်ကို မျက်စိတစ်ဖက်မှိတ်ပြကာ

" ဟေး၊ ကျန်းမန့်က အဲ့ကောင်စုတ်လေးနဲ့ ချစ်နေကတည်းက မျက်စိထဲ သိပ်ကို အားရစရာကောင်းလာတာမလား။ ကျစ် ကျစ်၊ သူ အလယ်တန်းတုန်းကဆို ငါသူ့အတွက် စကတ်တွေအများကြီးဝယ်ပေးခဲ့တာ။ ဒါပေမဲ့ သူကတော့ တစ်ခါမှ ထုတ်မဝတ်ဘူး "

ရွှီရှန့် ခေါင်းညိတ်သဘောတူလျက်

" မန့်မန့် အရင်က စကားအများကြီး မပြောတတ်ပေမဲ့ အခုတော့ အများကြီး တက်တက်ကြွကြွရှိလာပြီ "

သဘာဝကျစွာပဲ၊ ကျန်းမန့်က သူတို့ ပြောဆိုနေတာတွေကို မကြား။ သူမ ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်ပြီး တိုက်ခန်းအပြင်ရောက်သည်နှင့် အောက်ထပ်မှာ သူမကို ရပ်စောင့်နေသော ကောင်လေးကို တွေ့လိုက်၏။

သူက လိမ္မော်နီရောင် ဟူဒီကို ဝတ်ထားပြီး သူမ ဝတ်စုံနှင့် ကိုက်နေသည်။ ဒီဆွယ်တာက သူ့ကို ကျန်းမန့် အရင်က ဝယ်ပေးထားတာဖြစ်သည်။ သူ့အဝတ်ဗီရိုထဲမှ အင်္ကျီအများစုက အနက်၊ အဖြူနှင့် မီးခိုးများသာ။ အားလုံးက သပ်သပ်ရပ်ရပ်ရှိပေမဲ့လည်း အရောင်တွေက အေးစက်ပြီး စိတ်ညစ်ဖို့ကောင်းသည်ကြောင့် စိတ်ရော၊ ကိုယ်ရောအတွက် အဆင်မပြေ။

ထို့ကြောင့် အရောင်စုံသည့် ဆွယ်တာနှင့် တီရှပ်များအတူသွားဝယ်ခဲ့ကြသည်။ ဆယ်ကျော်သက်ကောင်လေးက သူမ တိုက်တွန်းသည်ကို မတွန်းလှန်နိုင်ရှာ။ ထို့ကြောင့် မျက်မှောင်ကြီးကြုံ့လျက် အားလုံးလိုက်ဝယ်ခဲ့သည်။ ဒါပေမဲ့ သူဝတ်တာ၊ မဝတ်တာက နောက်ကိစ္စတစ်ခုဖြစ်သွားပြီ။ သူမ သဘောအကျဆုံးက ပန်းရောင် မစ်ကီမောက်စ် တီရှပ်လေး။ သူထုတ်ဝတ်တာတော့ တစ်ခါမှ မမြင်ဖူးသေးချေ။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now