Chapter - 33

2.9K 381 29
                                    

Unicode

နေ့လယ်ကျောင်းပြန်မတက်ခင်မှာ အဖြေရလာခဲ့သည့် စီးကျင်က ပထမနှစ် လက်တွေ့ အခန်း ၁ ထဲကို အမြန်ပြန်ဝင်လာခဲ့သည်။

သူမ ထုတ်ပြောရန် ဆုံးဖြတ်လိုက်သည်။

ထိုကောင်လေးကို လှမ်းခေါ်လိုက်သည့်အချိန်တွင် သူ့ မျက်လုံးများက သိပ်ကို နူးညံ့နေဆဲဖြစ်ပြီး သူတို့ တွေ့ခဲ့သည့် အတိတ်ကို ပြန်သတိရစေသည်။

သူမကို လမ်းပေါ်မှာ ရှာတွေ့ပြီး ပြန်ခေါ်ခဲ့ပေးသည့် သူမ အမြဲတမ်းသတိရနေခဲ့သော တစ်ယောက်က ဤကောင်ချောလေးပင်ဖြစ်​နေသည်။

မနက်တိုင်း သူမ ဝယ်ပေးခဲ့သည့် မနက်စာကို ငြင်းခဲ့သည်က သူနှင့် မရင်းနှီးတာကြောင့်ပဲ ဖြစ်ရမည်။

ဆောင်းဦးနှင့် ဆောင်းရာသီတို့တွင် ပြင်သစ်ပလိန်းပင်များမှ ကြွေကျလာသော သစ်ရွက်လေးများကဲ့သို့ ထိုကောင်လေး၏ အသံက တိုးဖျဖျလေး။

" ကိစ္စရှိလို့လား? "

စီးကျင် သူမ လည်ချောင်းရှင်းလိုက်ပြီး တလေးတနက်ပြောလိုက်သည်။

" ရှောင်ကောကော ငါက ဘယ်သူလဲ သိလား "

သူက ဘာမှမပြောဘဲ ခေါင်းခါပြသည်။

စီးကျင် အသံ ချိုမြိန်စွာဖြင့် မျှော်လင့်တကြီး ပြောပြသည်။

" ငါက စီးရိရဲ့ ညီမ စီးကျင်လေ။ နင် ငယ်ငယ်တုန်းက မိဘမဲ့ဂေဟာမှာ နေခဲ့တုန်းက ငါတို့လည်း အတူတူရှိခဲ့ကြတာ မှတ်မိလား "

သူမ ပြောလို့ပြီးသွားချင်းချင်း သူမရှေ့မှ ကောင်ငယ်လေးက သူ့ရဲ့ လှပတဲ့ မျက်ခုံးများကို ကျုံ့လိုက်ပြီး တစ်ခုခုကို စဉ်းစားနေပုံရသည်။

မြန်မြန်ပြန်ပြီး သတိရပါတော့။ သူတို့တွေ ငယ်ငယ်လေးကတည်းက သိခဲ့ကြပြီး ဂေဟာမှာ နှစ်နှစ်ကြာအောင် အတူရှိခဲ့ကြတာလေ။ သူ ပြန်မှတ်မိသွားရင် သိပ်ကို စိတ်လှုပ်ရှားသွားပြီး ကျန်းမန့်နဲ့ ဘာမှ ဖြစ်လာမှာ မဟုတ်တော့ဘူး။

ထိုကောင်ငယ်လေးက ခေါင်းညိတ်ပြလာခဲ့သည်။

နောက် ... ဘာမှ မရှိတော့ဘူးလား??? သူ့မျက်လုံးများတွင် 'အဲ့တော့ ?' ဆိုသည့် ‌စူးစမ်းမှု အရိပ်အယောင်များဖြင့် ပြန်ပြီး မေးခွန်းထုတ်နေသလိုမျိုးပင်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now