Chapter - 13

3.4K 403 4
                                    

Unicode

" ဒါဆို ... နင် ဟိုဘက် သွားနေချည် "

ကျန်းမန့် ပါးနှစ်ဖက်က ပူနေသည်။ သူမက စကတ်ဝတ်ထားတာကြောင့် ဘောင်းဘီဝတ်ရမည်ဆိုလျှင် သေချာပေါက် အောက်မှာ စကတ်နဲ့ ထပ်ဝတ်လို့ ရမှာမဟုတ်။

သူမ ပြောလိုက်တော့ ထိုကောင်လေးက လှည့်ထွက်သွားပေးသည်။

သူ ပြန်လှည့်လာသည့် အချိန်တွင် သူမ ဘောင်းဘီဝတ်ထားပြီးသော်လည်း ဘောင်းဘီတွေကလည်း တအားကြီးနေတာမလို့ သူမ လမ်းလျှောက်လို့မရဘူးဖြစ်နေတာ တွေ့ရသည်။ သူမက လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရအောင် ဘောင်းဘီခြေထောက်တွေနဲ့ အင်္ကျီလက်တွေကို သုံးလေးခေါက်လောက် ခေါက်တင်လိုက်ရသည်။

သူမ ပုံစံက လယ်ကွင်းထဲမှာ စပါးစိုက်သွားမဲ့ ပုံနဲ့ တူနေချေပြီ။

ကျန်းမန့်က သူမကိုယ်သူမ ကြည့်ပြီး လီဝေကို တစ်ခေါက်ပြန်ကြည့်သည်။ အခု သူတို့က အိမ်နေရင်း အင်္ကျီတစ်ပုံစံတည်းကို ဝတ်ထားကြပေမဲ့ သူ့ဟာက မီးခိုးဖြစ်နေပြီး သူမက နက်ပြာရောင်ဖြစ်နေသည်က စုံတွဲဝတ်စုံနှင့် အတော်လေးတူနေသည်။

သူ့ကို ပြောပြီးမှ သူမက ဟင်းချက်စရာပစ္စည်းတွေကို သယ်ပြီး မီးမိုချောင်ထဲဝင်သွားတော့သည်။

အသားကို ဂျုံနဲ့ နှပ်အပြီးမှာ ထိုလူငယ်လေးက တံခါးကို မှီလျက် သူမ လုပ်သမျှကို လိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ သူ့အကြည့်တွေက ဝေခွဲမရဖြစ်နေပုံရသည်။

ကျန်းမန့်က သူမလက်ထဲက ဂျုံလုံးကြော်ထုတ်ကို မြှောက်ပြကာ ရယ်လိုက်ရင်း " ဒါက H မြို့မှာ လူတိုင်း ကြိုက်တဲ့ အစာသွပ်ဂျုံလုံးကြော်လေ။ နင် ခဏနေ မြည်းပြီးတာနဲ့ ဘယ်လောက်စားလို့ကောင်းလဲ သိလိမ့်မယ် "

ကောင်လေးက သူမကို ခေါင်းငြိမ့်ပြပေမဲ့ တံခါးကို မှီထားပြီး စောင့်နေဆဲပင်။

" နင် ငါ့ကို ဒီမှာ မစောင့်လည်းရတယ်။ ချက်လို့ပြီးရင် ငါနင့်ကို ခေါ်လိုက်မယ်လေ။ နင် ပုံမှန် လုပ်စရာရှိတာ သွားလုပ်ချည် "

ကျန်းမန့်က လက်ဖမိုးနဲ့ သူမ နဖူးကို သပ်လိုက်ပြီး ပြောလိုက်သည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now