Chapter - 76

1.9K 198 2
                                    

Unicode

အထက်တန်းကျောင်း၏ ရူပဗေဒ ထူးချွန်ပြိုင်ပွဲ ကျင်းပချိန်ဟာ နှစ်စဉ် အချိန်ကြပ်သည်။ ပဏာမအကျော့ဖြေဆိုမှု၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်အဆင့်ကြားတွင် အချိန် တစ်လစီသာ ခြားသည်။

အထက်တန်း ဒုတိယနှစ်၏ ပြိုင်ဆိုင်မှုစွမ်းရည်မှာ တတိယနှစ်ကျောင်းသားများထက် ကျော်လွန်နေခြင်းကြောင့် ကျောင်းအကြီးအကဲများ ဆွေးနွေးမှုအပြီးတွင် ဒုတိယနှစ်မှ ရူပဗေဒပြိုင်ပွဲဝင်ကျောင််းသားများအား ပုံမှန်အတန်းချိန်များ ကင်းလွတ်ခွင့်ပေးရန် စီစဉ်ခဲ့တော့၏။ လွန်ခဲ့သည့် နှစ်လမှ စတင်ကာ အထက်တန်း တတိယနှစ်ကျောင်းသားများကဲ့သို့ သူတို့ပြိုင်ပွဲအခြေအနေကို အာရုံတစိုက်ရှိလာခဲ့သည်။

မကျေမနပ်ဖြစ်သည့် လူများစွာရှိခဲ့သော်လည်း သူတို့ ငတုံးသုံးယောက်ကတော့ အစီစဉ်ကို နာနာခံခံရှိနေသည်။

ထိုတစ်ရက်က ချီလဲ့လဲ့ စိုးရိမ်နေသမျှကို ကျန်းမန့် အချိန်ပေးနားထောင်ခဲ့ပြီးနောက် သူမ လျော့ခဲ့သော အမှတ်များအကြောင်း ပြန်လည် မေးမြန်းခဲ့သည်။

သေချာသည်မှာ စာမေးပွဲမေးခွန်းတော်တော်များများကို နားမလည်နိုင်သောကြောင့် တစ်ပုဒ်တစ်ပုဒ်အတွက် အချိန်ကို အကန့်အသတ်နဲ့ပဲ စဉ်းစားလို့ရလိမ့်မည်သာ။ အဲ့အချိန်မှာ အံ့ဩနေပြီး အပူတပြင်းဖြစ်နေရင် ဒီတိုင်း အလဟဿပဲဖြစ်သွားလိမ့်မည်။ လူတိုင်းက ကိုယ်ယူဆသည်ကို ထုတ်ဖော်တွက်ချက်သွားဖို့ရာပဲ ရှိသည်။

သူမ နေရာကို ပြန်ရောက်သည့်အခါ ဤလအတွက် လေ့ကျင့်ရေးကို စတင်ခဲ့သည်။

ကျန်းမန့် အထက်တန်းဆရာမလုပ်တုန်းက ဤသို့သော အခြေအနေကို များစွာတွေ့ကြုံခဲ့ဖူးပါသည်။ တချို့ ကျောင်းသားတွေက လေ့ကျင့်ခန်းတို့၊ အိမ်စာတို့ဆို ကောင်းကောင်းကြီးကို လုပ်နိုင်ပေမဲ့ စာမေးပွဲလည်းရောက်ရော စွမ်းဆောင်ရည်တွေက မှန်းထားသလောက် ဖြစ်မလာကြဘူး။ ထို ကိစ္စအပေါ်တွင် စိတ်ပိုင်းဆိုင်ရာ သန်စွမ်းမှုကလည်း ရှုထောင့်တစ်ခုဖြစ်နေသလို၊ နောက်တစ်ချက်လည်း ရှိနေသေးသည်။ အကြောင်းရင်း၏ အများစုမှာ သူတို့ ပုံမှန်လေ့ကျင့်နေချိန်မှာ အချိန်အပိုင်းအခြားမရှိသည့်အတွက် မေးခွန်းဖြေရှင်းဖို့ အချိန်၊ ဖြေရှင်းနိုင်တဲ့ ပမာဏကို စနစ်တကျ ထိန်းချုပ်စီစဉ်နိုင်စွမ်းမရှိသည့်အတွက်ဖြစ်သည်။ ထို့အပြင် တစ်ဖက်၌ ကျောင်းသားများက စာမေးပွဲနှင့်လည်း ရင်းနှီးမှု မရှိပေ။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now