Chapter - 80

2.1K 228 4
                                    

Unicode

သူထွက်သွားခဲ့အပြီး လအနည်းအငယ်သာကြာ​သေးသည့် ရက်များကို သူမ မှတ်မိ​သေးသည်။

သူ့ကို သူမ ​လေဆိပ်အထိလိုက်ပို့​ပေးခဲ့​သေးသည်။ အမြဲလိုလို ​ခေါင်း​အေး​အေးနှင့် တည်ငြိမ် ဆင်ခြင်တတ်သည့် လူဟာ ​လေဆိပ်မှာ သူမအား တင်းကြပ်စွာ သူ့ရင်ခွင်ထဲ ​ထွေး​ပွေ့ထားခဲ့၏။ ဝမ်းနည်း​နေခဲ့​သော မျက်လုံးများမှာ မသိလျှင် ထွက်သွားမည့်လူက 'သူမ'လိုလို။

သို့​​သော် အမှန်ပါပင်။ သူနဲ့ တစ်ပတ်​ကျော်​လောက် ဗီဒီယို​ကော်လ်မ​ပြောခဲ့ရပါ။
    
ထိုအချိန်က သူမ၏ စာတမ်းမှာလည်း ပြီးခါနီး​နေခဲ့ပြီ။ သို့ဖြစ်၍ ​နောက်ဆုံးတွင်​တော့ သူမအတွက် ​မျှော်လင့်ချက်​ရောင်ခြည်သန်းလာခဲ့ပြီဟု ခံစားရသည်။ ထို့​​ကြောင့် လက်​တွေ့ခန်းထဲတွင် ​နေ့​နေ့ညည​နေခဲ့ပြီး စားချိန်၊ အိက်ချိန်​တောင်ပင်မရှိခဲ့။ လက်စသတ်ပြီးသွားသည့်အခါတွင်မူ ကျန်းမန့် ​ကျောင်းအဝတွင် တက္ကဆီ​ခေါ်စီးပြီးထွက်ခဲ့သည်။ လမ်းတစ်​လျှောက် သူမ စိတ်ထဲတွင် ​ပျော်​နေခဲ့၏။ ပြိုင်ပွဲအတွက် သူမ အချိန်အ​တော်ကြာ​အောင် ခက်ခက်ခဲခဲ​လေ့လာ​နေ​ခဲ့ပါ​သော အရာကို ​တွေးမိသည့်အခါ မတတ်နိုင်ပါဘဲ သူမ ​ကောင်​​လေးနှင့် အချိန်တစ်ခုထိ အဆက်သွယ်ပြတ်သွားခဲ့သည်။

သူသာ သူမ​ဘေးရှိ​နေခဲ့ရင် သူ့ကို ပစ်ထားလို့မရ​အောင် ​နေ့တိုင်း ဖက်လိုက် နမ်းလိုက်ဖြင့် သူမအနားပဲ ကပ်​နေလိမ့်မည်။

​အ​ဆောင်များအဝင်ဝနား​တွင် ရှိ​သော ဘာဘီကျုဆိုင်သို့ ကျန်းမန့် သွားလိုက်သည်။

လက်​တွေ့ခန်းမှ အစ်ကိုနှင့် အစ်မများဟာ အထူးတလည် မ​တွေးတတ်ကြ။ ညစာအတူစားကြတိုင်း အ​ဆောင်ပတ်ဝန်းကျင်နားတွင်သာ ​နေရာ​ရွေးကြပြီး ဤစား​သောက်ဆိုင်မှာ သူတို့ မကြာခဏ လာတတ်သည့် ​နေရာပင်ဖြစ်သည်။
    
သူမက ​စော​ရောက်မသွားခဲ့။ ဆိုင်ထဲတွင် အဖွဲ့ထဲမှ ​ကျောင်းသားအများစု ​ရောက်နှင့်​နေပြီဖြစ်ပြီး ၅​ယောက်၊ ၆​ယောက်​လောက်က Q တက္ကသိုလ်၏ သက်ရှိသိပ္ပံလက်​တွေ့အတန်းမှ ဖြစ်သည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now