Chapter - 53

2.8K 358 8
                                    

Unicode

လောဂျစ်တွေနဲ့ စိတ်ခံစားမှုတွေက လူ့ဘဝတွင် အမြဲတမ်း ပဋိပက္ခပွားစရာတွေပါပင်။

သူ သူမကို ထားသွားသည့်အချိန်တုန်းက သူ၏ လက်တွေ့ကျကျတွေးခေါ်နိုင်စွမ်းတို့ဟာ မတတ်နိုင်မစွမ်းသာအတိဖြစ်ခဲ့ရသည်။

သို့သော်ငြား ရက်အတော်ကြာအောင် ရုန်းကန်ခဲ့ရအပြီးမှာတော့ သူမကို သူနောက်တစ်ကြိမ်တွေ့ရမည်မဟုတ်တော့ကြောင်း နားလည်ခဲ့သည်။

တောင့်တကာ ပြင်းပြနေသော ခံစားမှုပေါင်းများစွာတို့က သူ့ကို အစွန်းရောက်အောင် တွန်းပို့နေခဲ့ပြီး မသိစိတ်၏ အလိုလိုတုံ့ပြန်မှုဟာ ဖွင့်ဟခြင်းခံရပြီး ပထမဆုံး လက်ဦးသွားခဲ့သည်။

လူငယ်လေးဟာ သူ့နှလုံးသားထဲမှ နှစ်နှစ်ကာကာ မြတ်နိုးရသော မိန်းမငယ်လေးကို ရူးသွပ်စွာ နမ်းရှိုက်နေခဲ့၏။ လျှာဖျားနှင့် တိုးလျက်လျက်၊ နှုတ်ခမ်းကို ကိုက်ခဲကာ စိတ်မရှည်စွာ၊ အလောတလျင်ဖြင့် စုပ်ယူနေသည်။

ဆယ်ရက်ကျော် ဆက်တိုက် သူ အိပ်မက်မက်ခဲ့ရသော သူမ၏ ပျော့အိလှသော နှုတ်ခမ်းစိုင်လေးတို့ဟာ အမှန်တကယ် ထိတွေ့လိုက်ရသည့်အခါ သူ ရပ်တန့်လို့ မရအောင်ကို ချိုမြိန်လွန်းနေသည်။

ကျန်းမန့်ဟာ သူမ အသက်မရှူနိုင်တော့သည်အထိ အတင်းအရင်း အနမ်းခံနေရသည်ကြောင့် နောက်ဆုံး သူမ မျက်လုံးများကို အုပ်ထားသည့် သူ့လက်များကို ဖယ်ကာ သူ့ကိုယ်ကိုပါ တွန်းထုတ်လိုက်တော့သည်။

ထိုအခါမှ သူမ၏ ထုံကျင်နေသော နှုတ်ခမ်းတို့ဖြင့် အသက်လုရှူရတော့သည်။

သူမ အောက်စီဂျင်နှင့် ထိတွေ့ရပြီး မကြာလိုက်၊ မည်းနက်နေသော မျက်ဝန်းတစ်စုံနှင့် လူငယ်လေးဟာ ချက်ချင်းလက်ငင်းပင် သူမကို နောက်တစ်ကြိမ် ထိတွေ့လာပြန်သည်။ သူမနားတိုးလာပြီး အန္တရာယ်များသည့် အနေအထားတစ်ခုအတိုင်း ဆိုဖာပေါ် ဒူးထောက်ထိုင်ချလာသည်။

ကျန်းမန့်က သူတို့ နှုတ်ခမ်းများ မထိတွေ့ရစေဖို့ သူမ လက်ဖြင့် ကာလိုက်ပြီး သူ့ကို တည့်တည့်ကြည့်လိုက်၏။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now