Chapter - 06

3.7K 422 4
                                    

Unicode

တကယ်တော့ လီဝေထင်ခဲ့တာက သူမ ဘာပဲ လိုချင်ချင် နောက်ဆုံးမှာ စိတ်ပျက်သွားမည်ဟုပင်။ အရင်က သူတွေ့ခဲ့ဖူးသည့် လူတွေကဲ့သို့ သူ့ကို အကြီးအကျယ်စိတ်ပျက်သွားပြီး သူ့အပေါ်ကို အပြစ်တွေပုံချကာ လက်ညိုးထိုးမည့် အချိန်ကို စောင့်နေတာထက် အခုကတည်းက သူမနဲ့ ဝေးဝေးနေတာ ပိုကောင်းသည်။

ကျန်းမန့် သူဘာကို ဆိုလိုချင်မှန်း သိသလို ခံစားချက်ဆိုတဲ့ အရာတွေကို သူ မယုံကြည်နိုင်ဘူးဆိုတာကိုလည်း နားလည်သည်။ လီဝေက သူ့အပေါ်ကို အကြောင်းအရင်းမရှိဘဲ ကောင်းပေးတဲ့ တစ်စုံတစ်ယောက်ရှိတယ်ဆိုတာ ကို မျက်စိမှိတ်ပြီး မယုံလိုက်နိုင်ပေ။ သိပ်ကို ထိရှကွဲအက်လွယ်သည့် ကမ္ဘာငယ်ကလေးဖြစ်နေသည်မလို့ အထိအတွေ့သေးသေးလေးကအစ ဂရုစိုက်ရသည်။

အကယ်၍ သူမသာ သူ့ကို ကြိုက်တယ်လို့ အခုနေ ပြောကြည့်ပါလား၊ အဲ့တာက သူ့ကို ပိုပြီး မငြိမ်မသက်ဖြစ်သွားစေလိမ့်မယ်။

သူမမျက်လုံးတွေကို ပိတ်လိုက်၍ သူမ စိတ်ထဲက ခါးသက်မှုကို ဖိနှိပ်ထားပြီး ငြိမ်သက်တဲ့ အပြုံးတစ်ခုကို ဖော်ပြဖို့ အကောင်းဆုံးကြိုးစားလိုက်သည်။ ပြီးတော့ သူမ အရင်ကတည်းက ပြင်ဆင်ထားပါသော အကြောင်းပြချက်ကို ပေးလိုက်သည်။

" ငါ ပြောရမှာ ရှက်ပေမဲ့ နင့်ကို ဒုက္ခပေးသလိုဖြစ်နေမှာလည်း စိုးလို့ ဘာမှ မပြောခဲ့တာ။ ... လီဝေ နင် Physics မှာ အရမ်းတော်တာလို့ သူများတွေပြောတာ ငါ ကြားလို့။ ငါ ... က အဆင့်တွေသိပ်မကောင်းဘူး။ ပြီးတော့ ငါ့အတွက် Physics သင်ရတာ ပြဿနာလေးတွေရှိလို့။ နင် အပတ်တိုင်း ငါ့ကို လေ့ကျင့်ခန်းအပိုတွေ ပေးလို့ရမလား။ အလဲအလှယ်အနေနဲ့ နင့်ကျောက်ပတ်တီး ဖြည်တဲ့အထိ ငါ နင့်ကို ဂရုစိုက်ပေးမယ်လေ "

အရာအားလုံးက အမြဲတမ်း စက်ဝိုင်းလို တစ်ပတ်ပြန်လည်နေရင်း ချောချောမွေ့မွေ့နဲ့ ဖြစ်သွားတာချည်းပါပဲ။ သူမ အရင်ဘဝတုန်းက Physics သင်ပေးဖို့ သူ့ကို တောင်းဆိုခဲ့ရာကနေ လီဝေနဲ့ ရင်းနှီးလာရတာကို သူမ မှတ်မိသေးပါ၏။ အင်း... အခုကျတော့ အရမ်းကို စောပြီး ပြောဖြစ်သွားတာပေါ့။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now