Chapter - 74

1.8K 215 1
                                    

Unicode

သတိရနေခဲ့တာက သတိရနေတာ သပ်သပ်။ အခု အိမ်ထဲမှာ တခြားလူတွေ ကိုးယောက်တောင်ရှိနေတာ။ သူတို့နဲ့ တိုးမိရင် ကျန်းမန့် ရှက်ရမှာ သေချာပေါက်ပင်။

တံခါး ဖွင့်ပြီး ဘယ်သူမှ ဝင်မလာနိုင်အောင် သော့ချထားလိုက်ပြီးနောက် လီဝေ၏ မည်းနက်ညို့မှိုင်းနေသော မျက်လုံးများရှေ့ကို ပြန်သွားခဲ့သည်။

သူမ သူ့မျက်ဝန်းများကို တိုက်ရိုက်ဆုံကြည့်လိုက်၏။

__ " ကောင်လေး၊ ငါနင့်ကို တစ်မိနစ်လောက်တောင်မှ မခွဲရက်ဘူး။ ဒါပေမဲ့ ကျောင်းပြီးသွားတဲ့အခါကျ အချိန်အကြာကြီး ဝေးမနေချင်ဘူး.... ငါ နင်နဲ့ တက္ကသိုလ်တက်ချင်တယ်။ နောက်ပိုင်းတွေ ငါ နင့်အနားမှာ အမြဲရှိနေပြီး ဘယ်တော့မှ မထားခဲ့ရတော့ဘူး။ ငါတို့ရဲ့ အနာဂတ်က ငါတို့ကို စောင့်နေတာ။ အသက်ကြီးတွေကြီးသွားတဲ့အထိ အတူရှိကြမှာ။ လက်ထပ်ပြီး၊ ကလေးယူမယ်။ ကျန်တဲ့ ဘဝတစ်လျှောက် နင် အဘိုးအရွယ်ရောက်လို့ ငါက ရှုံ့တွနေတဲ့ အဘွားအိုကြီးဖြစ်တဲ့အထိ ငါတို့ နှင်းကျတာ အတူသွားကြည့်ကြမယ် "

လီဝေ သူမစကားကို ကြားသည့်အခါ သူ့အကြည့်တို့၌ဝယ် နက်ရှိုင်းသော ရေကန်ဟာ လှိုင်းဂယက်တို့ ဒုန်းစိုင်းထလာသည်။

သူမ သူ့ကို စကားများများမပြောခဲ့။

သူမရဲ့ အပြုအမူတွေ အားလုံးနဲ့ သူ့ဘေးမှာ တစ်သက်လုံးစာရပ်သွားချင်ကြောင်း သက်သေပြနေခဲ့ပါ၏။

မနေ့ည က သူ့ကုတင်ဘေးမှာ နစ်ခ် ရပ်ပြီး စကားပြောနေတာကို လီဝေ ရုတ်တရက် သတိရသွားတယ်။

သူ့မှာ ကောင်မလေးရှိလာသော သူငယ်ချင်းဖြစ်တဲ့ သူ့ကို လျစ်လျူရှုထားပြီလို့ ပြင်းပြင်းထန်ထန်ထေ့ငေါ့သည်။ သူ့ကို လှောင်ရယ်သည်။ လီဝေက ဘယ်သူမှ မလိုချင်၊ မချစ်ခင်ကြတဲ့ ကလေးဖြစ်ပြီး သူတို့ဆက်ဆံရေးဟာ ခဏကြာပြီးနောက်မှာ သူ့ကောင်မလေးက သူ့ကို ထားသွားမည်ဟု တရစပ်ပြောနေခဲ့သည်။

" ဒီရက်တွေအတွင်း မင်းရဲ့ မန့်မန့်က မင်းကို အခေါ်အပြောမလုပ်ခဲ့ဘူးလား။ လီဝေ၊ ငါ့ကို ယုံ ဟုတ်ပြီလား၊ ဂျေးနက် တစ်ယောက်ပဲ မင်းနဲ့အတူ အမြဲတမ်းရှိနေမှာ။ ကျန်းမန့်က မင်းကို လိမ်နေတာပဲ။ မကြာဘူး မင်းကို စွန့်ပစ်သွားတော့မှာ "

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now