Chapter - 12

3.2K 380 6
                                    

Unicode

နေ့လယ် ရူပဗေဒချိန်ပြီးသွားသည်နှင့် တစ်ပတ်မှာ နှစ်ချိန်ပါတဲ့ ကာယချိန် ရောက်လာတော့သည်။ ကျန်းမန့်က ညနေကျရင် ဆေးရုံသွားရမည်ကို ဦးနှောက်ထဲ ထည့်ကာ ညနေပိုင်း အတန်းကို ခွင့်တိုင်ခဲ့သော်ငြား နေ့လည်ချိန်တွေကမူ ခွင့်ချိန်ထဲ မပါသည်ဖြစ်၍ ကာယချိန်ကို လာတက်နေရသည်။

ဗော်လီဘောကွင်းကြီးရဲ့တစ်ဖက်စီမှာ ကျောင်းသား၊ ကျောင်းသူများကို ဗော်လီဘောကစားသည့် အလယ်က ဇကာတန်းဖြင့် ခွဲထားသည်။

ကျန်းမန့်က ကွင်းထဲကို ရောက်ရောက်ချင်းပင် ခေါင်းမူလာသည်။ သူမ လက်ကို ဆန့်ထုတ်လိုက်ပြီး နဖူးကို စမ်းကြည့်တော့ ပူနေသေးတာကို ခံစားလိုက်ရသည်ကြောင့် ကာယဆရာမဆီသွားပြီး အကျိုးကြောင်းပြောကာ ဒီနေ့ အတန်းအတွက် ခွင့်တောင်းဖို့ စီစဉ်ထားခဲ့သေးသည်။ သူမ ဒီလောက်ကံဆိုးမယ်လို့ ဘယ်သူက ထင်လိမ့်မည်နည်း။ သူမ ရောက်သွားတဲ့အချိန်တွင် အတန်းထဲရှိ ကျောင်းသူ ၅ယောက်၊ ၆ ယောက်လောက်က ခေါင်းကိုက်လို့၊ ဖျားလို့၊ ဗိုက်နာလို့ စသည်စသည်ဖြင့် ခွင့်ယူသွားကြပြီဖြစ်သည်။

တစ်ချိန်လုံး မည်းတက်လာတဲ့ မျက်နှာနဲ့ ထိုင်နေခဲ့သည့် ကာယဆရာမက သူမ အလှည့်ရောက်တာနှင့် စိတ်ကုန်သွားကာ နားတောင်မထောင်တော့ဘဲ သူမကို သင့်တော်တဲ့ အပြုအမူမရှိသလို အားထုတ်မှုလည်းမရှိဘူးဟု ဆူကာ သူမကို ခွင့်ပေးဖို့ ငြင်းခဲ့ပြီး သူမကို တန်းစီနေတဲ့ နေရာမှာ သွားရပ်ဖို့ပြောခဲ့သည်။

သုံးနာရီထိုးတဲ့အခါမှာ နေရဲ့ အပူချိန်က ဆက်လက်ပူပြင်းနေဆဲ။ စက်တင်ဘာရဲ့ ပူအိုက်လှတဲ့ ရာသီဥတုက တစ်ယောက်ယောက်ကို တကယ်ပဲ အရှင်လတ်လတ်မီးရှို့လိုက်ဖို့ ရည်ရွယ်ထားပုံရသည်။

ကျန်းမန့် နဖူးကနေ ချွေးစက်တွေကျနေပြီး ကွင်းထဲမှာ ဆက်ရပ်နေရသည်။ မြေပြင်က ပူလောင်နေပြီး အဲ့က အပူရှိန်က သူမ ကင်းဗတ်ရှူးဖိနပ်တွေကနေ ခြေဖဝါးတွေအထိ ပူတက်လာသည်။ သူမရဲ့ ငယ်ထိပ်နဲ့ မျက်နှာပေါ်ကို နေရောင်ခြည်ကလည်း ရိုက်ချနေပြီး နေဒဏ်ကြောင့် သူမ အရည်ပျော်ကျတော့မဲ့အတိုင်း သူမ တစ်ကိုယ်လုံးပူလာတာကို ခံစားနေရသည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now