Chapter - 03

4.1K 487 1
                                    

Unicode

ပထမထပ်က ကော်ရစ်ဒါမှာ အရှိန်နဲ့ပြေးသွားတဲ့ကောင်လေးနှစ်ယောက်က ဝင်တိုက်သွားတာကြောင့် လီဝေက မြေပြင်ပေါ်ကို လဲကျနေခဲ့ပြီ။ သတိမဲ့စွာနဲ့ပဲ မြေပြင်ပေါ်ကို ထောက်ထားတဲ့ သူ့လက်ပေါ်ကို သူ့တစ်ကိုယ်လုံးက အလေးချိန်က အားနဲ့ ဖိချေထားသည်။ လီဝေ မြေပြင်ကို လဲကျသွားတာနဲ့ 'ဘုန်း' ဆိုပြီး အသံထွက်လာခဲ့သည်။

သူ သယ်လာခဲ့တဲ့ ဖတ်စာအုပ်တွေအားလုံးကလည်း ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေပြီး တီရှပ်အဖြူကလည်း ဖုန်တွေနဲ့ ပေရေသွားသည်။ နဂိုက ဖြူဖွေးနေခဲ့တဲ့ ထို အင်္ကျီအဖြူမှာ မြေပြင်နဲ့ ပွတ်တိုက်မိလို့ ပေါက်ပြဲရာတောင်ဖြစ်သွားခဲ့သည်။

သူပြန်မထနိုင်​တော့တာ​ကြောင့် ထိုဆယ်​ကျော်သက်​ကောင်​လေးက လဲကျသွားတဲ့​နေရာမှာပဲ သူ့​​ခေါင်းက ငုံ့ထားလျက် မျက်လုံး​တွေက ငိုက်ကျ​နေခဲ့တယ်။

သူ့ကို ဝင်တိုက်သွားတဲ့​ကောင်​လေးနှစ်​ယောက်က သူ့ကို ကူ​ပေးဖို့ လက်​တောင်ကမ်းမလာကြဘဲ သူ့​ဘေးမှာ ရပ်​နေကြသည်။

ကျန်းမန့် ထို​ကျောင်းသားနှစ်​ယောက်ကို သိတာ​ပေါ့။ သူတို့က အတန်း​ဖော်​တွေဖြစ်ခဲ့ကြတာပဲ။ ပိန်ပိန်နဲ့ အားမရှိတဲ့ တစ်​ယောက်က ဝမ်​ရှောင်ဖန်းလို့​ခေါ်ပြီး အသားညိုညို အရပ်ရှည်ရှည်နဲ့ အားသန်တဲ့ တစ်​ယောက်က လျိုချန် လို့​ခေါ်တယ်။ လျိုချန်က ကျောင်းအားကစား အသင်းမှာ ဝင်ထား​သေးတာလည်း သူမ မှတ်မိသည်။

ပြီး​တော့ သူများ​တွေ​ပြောကြတာက သူတို့​တွေက လီ​ဝေနဲ့ အလယ်တန်း​ကျောင်းတူတူ​တက်ခဲ့ကြတာတဲ့။ ဝမ်​ရှောင်ဖန်းက ဖြစ်သွားတဲ့အ​ခြေအ​နေကိုကြည့်ပြီး သူ့မျက်လုံး​တွေက ​ကြောက်ရွံ့မှု​တွေ အပြည့်နဲ့ နှုတ်ခမ်း​တွေက တုန်ရီစွာ ​ပြောလာသည်။

"လီ ... လီ ​ဝေ ငါတို့ ... ငါတို့ တမင်လုပ်တာမဟုတ်ဘူး။ မင်း... "

သူ​ပြောလို့ မပြီးခင် ​​ဘေးက လျိုချန်က တားလိုက်ပြီး

" မင်း ဘာ ​ကြောက်​နေတာလဲ။ ဒီတိုင်း​​လေး ဝင်တိုက်မိတာပဲကို ... ကြီးကြီးကျယ်ကျယ် ဘာမှ,မှ မဖြစ်သွားတာ။ "

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now