Thank you to my readers (U + Z)

4.1K 315 319
                                    

မင်္ဂလာပါစာချစ်သူတို့ရေ...

2.6.2022 ရက်နေ့မှာစတင်ဖန်တီးခဲ့တဲ့ချစ်သဝဏ်လွှာလေးဟာ 12.11.2022 ရက်နေ့မှပြီးဆုံးခဲ့ပါပြီ။ အမှန်တော့ အပိုင်း ၄၀ ကစပြီးစိတ်ကျေနပ်မှုမရှိခဲ့ပါဘူး။ စိတ်ကိုမနည်းနှစ်ပြီးရေးခဲ့ရပေမဲ့ ခံစားမိသူတွေကခံစားမိလိမ့်မယ်ထင်ပါတယ်။ အားနာမိပါတယ်။ ပြီးပြည့်စုံသောဇာတ်လမ်းကောင်းလေးမဖြစ်ခဲ့တာကို တကယ်ပဲအားနာပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် အစကနေအဆုံးအထိမခွဲမခွာစိတ်ရှည်ရှည်ထားပြီး အတူတူလိုက်ပါပေးခဲ့ကြတဲ့စာချစ်သူညီမငယ်၊ မောင်ငယ်နဲ့ မမများကိုရင်ထဲကနေလှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါတယ်ရှင့်။ အားအင်တွေလည်းဖြစ်စေခဲ့တာအမှန်ပါ။ ကြားထဲမှာ Update ကြာသွားလို့လည်းတောင်းပန်ပါတယ်နော်။ တမင်လုပ်တာမဟုတ်တာကိုယုံတယ်မဟုတ်လား။ 

အနာဂါတ်ပျောက်နေသလို စိတ်ဆင်းရဲမှုအပေါင်းတွေပြည့်နှက်နေတဲ့ဒီလိုအခြေအနေကြီးမှာ စိတ်နှစ်ပြီးစာရေးဖို့ကတကယ်မလွယ်ကူခဲ့ပါဘူး။ ပညာရှင်မဟုတ်တဲ့ဝါသနာရှင်အဆင့်မို့ စိတ်ထိခိုက်လွယ်ပါတယ် အားလျော့လွယ်ပါတယ် ပြိုလဲလွယ်ပါတယ်။ အားတင်းပြီးတောင့်ခံထားရပေမဲ့ အချိန်ကြာလာတော့လည်းယိုင်နဲ့လာခဲ့တယ်။ ဒါတွေဟာ စာကိုစိတ်နှစ်ပြီးရေးလို့မရတဲ့အကြောင်းအရာတွေပေါ့ရှင်။ 

သေသွားတာထက် ရှင်လျှက်နဲ့ဒုက္ခခံနေရတာပိုဆိုးနေသလိုပဲနော်။ ထားပါလေ... ဒါတွေကကိုယ်တစ်ယောက်ထဲခံစားနေရတဲ့ဒုက္ခတွေမဟုတ်တော့လည်း အကျယ်မချဲ့ချင်တော့ပါဘူး။ Fic နဲ့ပက်သက်တာတွေပဲပြောပါတော့မယ်။ 

ဒီဇာတ်လမ်းလေးကိုရေးချင်ခဲ့တာ ရင်ခုန်သံလေး (သာလိကာတို့စုံတွဲ) မရေးခင်ထဲကပါ။ Plot ရယ်မဟုတ်ပေမဲ့ ကြံစည်နေခဲ့တာကကြာခဲ့ပါပြီ။ 2000 ခုနှစ်နောက်ပိုင်းလူငယ်လေးတွေမဖြတ်သန်းခဲ့ရတဲ့ အချိန်တစ်ခုကိုအမှတ်တရအနေနဲ့ပုံဖော်ပြချင်ခဲ့တာ။ မမှုန်ရေးတတ်တဲ့သုတရသနှောတဲ့ Boy Love Fiction တစ်ပုဒ်ကို ပြီးမြောက်အောင်ရေးသားခဲ့ပြီးပါပြီ။ စိတ်တိုင်းမကျပေမဲ့ကျေနပ်ပါတယ်။ စာချစ်သူလေးတွေသဘောကျတာမြင်ရတော့လည်းပျော်ပါတယ် ကြည်နူးရပါတယ်။ 

ချစ်သဝဏ်လွှာ 💌Where stories live. Discover now