Part 15 (U)

7.4K 885 739
                                    

Maw Konn

အပြေးတစ်ပိုင်းခြေလှမ်းလေးနဲ့ အခန်းထဲကနေခပ်သုတ်သုတ်ထွက်သွားတဲ့ပုံရိပ်လေး။ တံခါးရွက်ကိုအသာစေ့ပိတ်သွားတော့မှ မချုပ်ထိန်းထားနိုင်တော့တဲ့စိတ်ထွက်ပေါက်အနေနဲ့ တောက်တစ်ချက်ကိုခပ်ပြင်းပြင်းခေါက်လိုက်မိတာတောင်မကျေနပ်နိုင်သေး။

ဘေးနားမှာရှိနေတဲ့ခုံတစ်လုံးကိုပိတ်ကန်ထည့်လိုက်တော့ လျောကနဲထွက်သွားပြီးနံရံနားကိုကပ်သွားရှာ၏။ နောက်ထပ်လုပ်မိလုပ်ရာလုပ်လိုက်မိတာက စားပွဲပေါ်ကဖုန်းကိုကောက်ယူလိုက်ပြီး ဖုန်းကင်မရာမှာပေါ်လာတဲ့ကိုယ့်မျက်နှာကိုယ် ဟိုဒီလှည့်ကာကြည့်မိလိုက်ခြင်း။

ဟုတ်တယ် ဒါငါပဲလေ၊ ဘာလို့နွေကမမှတ်မိရတာလဲ။ အခန်းမီးတွေကလည်းလင်းထင်းနေသလို မနီးကပ်လွန်းပေမဲ့သိပ်လည်းမဝေးတဲ့အကွာအဝေးပါ။ ဘာလို့တစ်ချက်မှ​တောင်မှတ်မိလိုက်ပုံမရတာလဲ။

ဒါမှမဟုတ် လုံးလုံးကိုသတိမရတော့တာမျိုးလား။ နွေ့အတွေးထဲမှတ်ဉာဏ်တွေထဲမှာ မော်ကွန်းအက္ခရာဆိုတဲ့လူသားဟာပျောက်ကွယ်သွားပြီလား။

ခံပြင်းစရာကောင်းလိုက်တာ။ ရုံးပေါ်တက်လာမိတိုင်း ဘယ်အချိန်ဘယ်နေရာမှာများ မျက်နှာချင်းဆိုင်တည့်တည့်တိုးလိုက်မလဲဆိုပြီးရင်ခုန်နေခဲ့ရတာလေ။

မျက်နှာချင်းဆိုင်လိုက်တာနဲ့ ဖြစ်ပျက်သွားမဲ့မျက်နှာလေးထက်ကပြောင်းလဲသွားမဲ့ပုံရိပ်လေးတွေကို စိမ်ပြေနပြေစိုက်ကြည့်နေပြီးမှ Hello ဝဿန်လို့နှုတ်ဆက်လိုက်မယ်တွေးထားတာလေကွာ။

ခုတော့ မင်္ဂလာပါ Boss တဲ့လား။
သူ့ကိုယ်သူတောင် Self Intro လုပ်သွားပုံကအေးအေးလူလူ။ နေပါအုံး မော်ကွန်းမျက်နှာက ခွဲစိတ်ပြုပြင်ထားတာမျိုးတစ်ခုမှမရှိပါဘဲ မမှတ်မိစရာလား။ ဘယ်လောက်များပြောင်းလဲသွားလို့လဲ။

တောင်ငူက ဦးလေးဇော်တို့လင်မယားကတောင်မှတ်မိသေးတာပဲ။ ဘာလို့နွေကမမှတ်မိရတာလဲ။ ဆံပင်ရှည်တွေကြောင့်များလား။ ဒါလည်းဖြစ်နိုင်တာပဲ။

အပြင်ကိုထွက်သွားပြီးလမ်းကြုံတာနဲ့ ဝင်လျှော်လာခဲ့တဲ့ဆံပင်တွေကိုပြန်စည်းဖို့မေ့သွားခဲ့တာက ဒီညနေကျရင်ဝန်ထမ်းအငယ်တွေနဲ့တွေ့လိုက်ပါအုံးဆိုတဲ့အန်ကယ်သန်းဦးစကားကြောင့်ပေါ့။

ချစ်သဝဏ်လွှာ 💌Where stories live. Discover now