Part 17 (U)

7.1K 859 422
                                    

Nway Hnaung Wathan

သူဌေးမရောက်ခင်ရှုတ်ခဲ့ရတဲ့အလုပ်တွေက သူဌေးရောက်လာရင်ပြီး​လောက်မယ်ထင်ခဲ့ပေမဲ့ တစ်ရုံးလုံးရှုတ်ယှက်ခတ်အောင်ဖြစ်နေမယ်လို့ထင်မှတ်မထားခဲ့ပါ။ ဌာနတစ်ခုချင်းစီအလိုက် လုပ်ဆောင်ရမဲ့တာဝန်တွေနဲ့စီမံချက်တွေဟာ နွေခေါင်ခေါင်မှာရုတ်တရက်ရွာချလိုက်တဲ့မိုးလို တဖျောဖျောကျဆင်းလာပါတော့သည်။

ဌာနအလိုက်ပြုပြင်ပြောင်းလဲခြင်းများအပြင် ကုမ္ပဏီအဆောက်အဦးပါမကျန်ပြင်ဆင်​နေကြရ၏။ ဒီကြားထဲရာထူးအပြောင်းအလဲတွေကရုတ်တရက်ပေါ်လာပြန်တော့ ဝန်ထမ်းတွေမှာရှော့ရိုက်ခံလိုက်သလိုအံ့အားသင့်သွားရပြန်သည်။

ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်နေခဲ့တဲ့ Purchaser ကိုအေးလွင်တစ်ယောက် ညွှန်ကြားချက်တစ်လှေကြီးနဲ့ ရန်ကုန်မြို့တွင်းကရှိရှိသမျှဆောက်လုပ်ရေးပစ္စည်းဆိုင်တွေနဲ့ ကုမ္ပဏီကြီးတွေဆီကိုသွားပြီး ကမ်းလှမ်းမှုတွေလုပ်ခဲ့ရ၏။

အင်ယာဌာနမှာလည်းရာထူးအတက်အကျတွေရှိလာသလို ဝဿန်တို့ရုံးဝန်ထမ်းတွေဘက်မှာလည်းရာထူးတက်သူကတက် ဌာနပြောင်းသူကပြောင်းနဲ့ HR အတွက်နားချိန်မရှိအောင်​ဖြစ်ခဲ့ရ၏။ သက်သာရာသက်သာကြောင်းနေနေတဲ့အပျိုကြီးခမျာအစည်းအဝေးတင်မက သူဌေးရုံးခန်းထဲကိုဝင်ချည်ထွက်ချည်နဲ့ထိုင်ရတယ်ကိုမရှိတော့ပါလေ။

HR လုပ်သက်အနှစ် ၂၀ ကျော်ကြာခဲ့တဲ့အပျိုကြီးရဲ့အရည်အချင်းတွေက ဒီသူဌေးနဲ့တွေ့မှပဲထုတ်ဖော်ပြသခွင့်ရသွားသလို အလုပ်လုပ်နိုင်စွမ်းတွေကလည်းအသိအမှတ်ပြုလောက်စရာဖြစ်လာခဲ့၏။ အပျို​ကြီးမမတစ်ယောက် သူဌေးရောက်လာပြီးတစ်လမပြည့်ခင်မှာ HR မန်နေဂျာရာထူးကနေ HR & Admin Manager ရာထူးကိုခန့်ခန့်ကြီးရရှိသွားသည်။

ဝဿန်တို့ဌာနအတွက် အမျိုးသားဝန်ထမ်းတစ်ဦးနဲ့အမျိုးသမီးဝန်ထမ်းငယ်တစ်ဦးကိုထပ်မံခေါ်ယူခဲ့ပြီး ဝန်ထမ်းရေးရာကိစ္စတွေကို စနစ်ကျကျကြီးကြပ်စေခဲ့၏။ ရုံးဝန်ထမ်းများအတွက်ဖယ်ရီစီစဉ်ပေးရခြင်း၊ နေ့လည်စာစီစဉ်ပေးရခြင်းနဲ့ ကုမ္ပဏီပိုင်ကားတွေစီမံအုပ်ချုပ်ခွင့်ကို HR အမျိုးသားဝန်ထမ်းသစ်ကတာဝန်ယူခဲ့ရသည်။

ချစ်သဝဏ်လွှာ 💌Where stories live. Discover now