Part 12 (U)

6.5K 798 186
                                    

Kun Kho Yake Nyein

ကွန်းခိုတို့သားအဖနဲ့မိသားစုဆရာဝန်တို့ရန်ကုန်ပြန်ရောက်ချိန်ကဧပြီလဆန်းရှိနေပြီ။ ရန်ကုန်ကနေမန္တလေးကိုကွန်းခိုတို့ကလေယာဉ်နဲ့ပြန်ကြမှာဖြစ်ပြီး မော်ကွန်းကတော့တောင်ငူကိုပြန်မည်။

"မန္တလေးကိုတကယ်မလိုက်တော့ဘူးလား"

"ဟုတ်...ကျွန်တော်မလိုက်တော့ပါဘူး"

ပြောခဲ့ပြီးသားစကားကိုပဲမပြောင်းမလဲဖြေဆိုရင်း အဝတ်အစားအိတ်ကိုပြင်ဆင်နေတဲ့မော်ကွန်းကို ဦးကွန်းခိုတစ်ယောက်ဘေးနားကနေရပ်ကြည့်နေရင်းဘာဆက်ပြောရမှန်းမသိတော့ပါ။ တကယ်ကိုခေါင်းမာတဲ့သား။

သူသိချင်တာတွေကိုပွင့်ပွင့်လင်းလင်းမပြောနိုင်သေးသ၍ သူ့ဘက်ကလည်းပက်သက်သင့်သည်ထက်ပိုပြီးမပက်သက်နိုင်ပါဘူး။ သူ့သဘောအတိုင်းနေချင်ပါသတဲ့။

ကျောင်းကလည်းတစ်နှစ်နားထားလိုက်ရတော့အချိန်တွေပိုနေလို့ ရန်ကုန်မှာသင်တန်းတွေတက်ချင်ရင်တက်ပါလားပြောတော့လည်းလက်မခံ။

သူတောင်းဆိုတဲ့အချက်ကိုလည်းကွန်းခိုကမလိုက်လျောနိုင်သေးပါ။ အချိန်တန်ရင်အားလုံးကိုပြောပြပါ့မယ်ဆိုတော့ ရပါတယ်တဲ့။ ဘာကိုရတာလည်းတော့ကွန်းခိုမသိပေမဲ့ မန္တလေးမှာတော့လိုက်မနေနိုင်သေးဘူးဆိုသည်။

ကွန်းခိုဘက်မှာလည်းအကြောင်းကိစ္စလေးတွေကရှိနေသေးတော့ မော်ကွန်းသိချင်သမျှအရာအားလုံးကိုဖွင့်ချရှင်းပြလို့လည်းမရနိုင်​သေးပြန်။ ပြန်ခါးနီးလိုအပ်မယ်ထင်တာလေးတွေဖြည့်ဆည်းပေးလိုက်တော့လည်းမငြင်းဆန်ပါ။ အသာတကြည်လက်ခံလိုက်တာကိုပဲစိတ်သက်သာရာရပါ၏။

"ဟိုမှာတစ်ယောက်ထဲဖြစ်နေမှာပေါ့။ မမခက်ကပြန်လာချင်သေးမှာမဟုတ်ဘူး"

"ကျွန်တော်သိပါတယ်။ အမေပျော်သလိုနေပါစေ။ ပြန်လာချင်တဲ့အချိန်မှပြန်လာပါလို့ပြောထားပြီးသားပါ။ ကျွန်တော့်အတွက်ဘာမှစိတ်ပူစရာမရှိလို့ကျန်းမာရေးကိုပဲဂရုစိုက်ကြပါ"

ပြောနေပုံကသားအဖရယ်လို့နွေးနွေးထွေးထွေးဟန်လည်းမရှိ။ ဒါလည်းမဟုတ်နိုင်ပါ။ ဆေးရုံတက်နေတဲ့ ၂ လအတွင်းမှာ သိပ်ကိုဂရုတစိုက်ရှိခဲ့တာကိုလည်းကွန်းခိုသိခဲ့သား။

ချစ်သဝဏ်လွှာ 💌Where stories live. Discover now