Part 3 (U)

7.4K 912 136
                                    

Ref..

*Wikipedia

* တောင်ငူအကြောင်း (မြန်မာ့အသံဦးကျော်ဦး)

***********************************

"လုပ်ပါမကိုဋ်ရယ် ဒီတစ်ခါထဲပါနော်"

"မလုပ်ချင်ပါဘူးနွေရယ်၊ ငါလုပ်လည်းမလုပ်တတ်ပါဘူး"

"ဘာခက်လို့လဲ၊ ခဏထိုင်ပြီးအလိုက်သင့်လေးပြောပေးရုံပါဟာ"

အနားလာကပ်ထိုင်ပြီးလက်ကိုဆွဲကာ တိုးတိုးကျိတ်ကျိတ်နဲ့တဂျီဂျီလုပ်နေတာ နာရီဝက်မကတော့ပါ။ ပျက်ယွင်းနေတဲ့မျက်နှာလေးတွင်မျက်ရည်လေးတွေကအဝိုင်းသား။ ကိုယ့်ဒုက္ခကိုယ်ရှာသူရယ်လို့သာအပြစ်တင်ချင်မိပါတော့တယ်။

"တစ်ချို့ကိစ္စတွေနင့်ကိုပြောပြခဲ့ဖူးတာပဲမကိုဋ်ရာ၊ နာရီဝက်လောက်အလိုက်သင့်လေးထိုင်နေပေးပါနော်။ ငါလေ...ဒီတစ်ခါပဲအကူအညီတောင်းတာပါ ဒီတစ်ခါထဲပါ။ နောက်မခိုင်းတော့ပါဘူးနော် နော်ဆို"

"သေချာလို့လား"

မျက်နှာကိုစေ့စေ့ကြည့်ပြီးမေးလိုက်တော့ ခပ်တွေတွေမျက်ဝန်းလေးတွေနဲ့မျက်လွှာကိုချလိုက်ပုံကထုရိုက်လိုက်ချင်စရာ။ မကိုဋ်အနေနဲ့ကူညီလိုက်ဖို့ကမခဲယဉ်းပါ။ နွေပြောသလိုအလိုက်သင့်လေးထိုင်ပေးပြောပေးပြီးပါပြီတဲ့ သူ့ကိစ္စကပြီးပြတ်မှာတဲ့လား။ ဆက်ရန်တွေရှိနေအုံးမှာကိုနွေလည်းမသိတာမဟုတ်။

"နင့်ကိစ္စကတွေ့ပြီးမှအမျှင်တွေဆက်တန်းနေရင် ဘယ်လိုလုပ်မလဲ။ ကိစ္စတစ်ခုကိုမျက်စိတစ်ဆုံးကြည့်ပါဟာ၊ မျက်တောင်တစ်ဆုံးနဲ့အလွယ်မလုပ်နဲ့လေ။ ဘာတွေဆက်ဖြစ်လာနိုင်သလဲ နင်ကောင်းကောင်းတွေးတတ်ပါတယ်။ ငါကမကူညီပေးချင်လို့ငြင်းနေတာမဟုတ်ဘူး နင့်အတွက်ပြောနေတာပါနွေရယ်"

"ငါ...ငါလေ..."

"သွားမတွေ့ပါတော့နဲ့နွေရာ၊ ရန်ကုန်ပြန်ရောက်မှ စာနဲ့ပဲသေချာရေးပြောလိုက်တော့၊ အဲ့တာကပိုအဆင်ပြေလိမ့်မယ်သိရဲ့လား"

"ငါရှင်းပြမှာပါမကိုဋ်ရယ်။ ဒါပေမဲ့..."

"ဘာလဲ...အရမ်းအရမ်းကိုတွေ့ချင်နေတယ်ပေါ့ မြင်ချင်နေတယ်ပေါ့ ဟုတ်လား"

ချစ်သဝဏ်လွှာ 💌Where stories live. Discover now