Part 34 (U)

8.5K 813 610
                                    

Nway Hnaung Wathan

မနက်ဖြန်နေ့လည်ခင်းမှခရီးစထွက်မှာဆိုပေမဲ့ ဝီရိယကောင်းကောင်းနဲ့အထုတ်အပိုးတွေကအသင့်တောင်ဖြစ်နေပြီ။ အချိန်ပိုတွေများနေတဲ့နောက် မီးဖိုချောင်ထဲဝင်ပြီးဖွယ်ဖွယ်ရာရာလေးတွေချက်ပြုတ်နေရင်း လက်ရည်တွေကိုလည်းပြန်သွေးနေရသေး၏။

အတူတူနေမဲ့အချိန်တွေကိုမျှော်တွေးပြီး စိတ်ကူးတွေယဉ်ရတာလည်းအမော။ မော်ကွန်းရှေ့မှာဆိုရင်မူတင်းပဲတင်းပြောဆိုနေမိပေမဲ့ ရင်ထဲမှာတော့သိပ်ကိုစိတ်လှုပ်ရှားနေခဲ့တာ။ မနေ့ညကလည်း မော်ကွန်းရဲ့စကားမှာ စိတ်တွေယိုင်နဲ့ခဲ့ရသေးသည်။

ပုဂံကပြန်လာရင်လိုက်ခဲ့ပါ့မယ်ဆိုတဲ့ကတိစကားရမှ တိုက်ခန်းပြန်ပို့ပေးခဲ့တဲ့မော်ကွန်း။ သူ့ကိုလွမ်းပါတယ်လို့ဝန်ခံလိုက်မိတဲ့နောက်မှာ လူရမ်းကားဟာလူရမ်းကားကြီးပါပဲ။ နှစ်ရက်လေးခွဲထားမိတာကို နှစ်လစာလောက်ပြန်ယူသွားတဲ့အတိုးရှင်ကြီးက တော်တော်ကြီးကိုအဖြစ်သည်းလွန်းနေခဲ့တာ။

"ဘာတွေချက်နေတာလဲဝဿန်၊ မွှေးကြိုင်နေတာပဲ"

"ငါးရံခေါင်းကို ဒန့်သလွန်သီးနဲ့အရည်သောက်ချဉ်ချဉ်လေးချက်တယ်။ ပြီးတော့ငါးရံ့အသားကိုအကွင်းလိုက်ကြော်ပြီးမှ ငရုတ်သီးအကြမ်းဖတ်နဲ့ပြန်နှပ်ထားတာ။ ဒါကငါးရံ့အူဆီပြန်ဟင်း ရှမ်းနံနံလေးအုပ်ချက်ထားတာဗျ"

"ဟာ...ငါးရံ့ဝမ်းဆက်ဟင်းပါလား"

"စားတော့မလား၊ နေ့လည်စာမစားရသေးဘူးမဟုတ်လား။ အတော်ပဲဖြစ်သွားပြီပေါ့"

"ရေအရင်ချိုးလိုက်အုံးမယ်"

"ထမင်းပြင်ထားလိုက်မယ်နော်"

နေ့တစ်ဝက်ရုံးပိတ်တဲ့ကိုသန့်က နေ့လည်စာမတိုင်ခင်ပြန်ရောက်လာ၏။ မော်ကွန်းနဲ့ပက်သက်ပြီးတဲ့နောက်မှာ ခပ်စိမ်းစိမ်းဖြစ်သွားမယ်လို့ထင်ခဲ့မိပေမဲ့ ကိုသန့်တို့ညီအစ်ကိုကဝဿန့်ပေါ်မှာမပြောင်းလဲခဲ့ပါ။ တိုက်ခန်းကိုပြန်လာစဉ်ညက အကျိုးအကြောင်းတစ်ချို့ကိုပြောပြဖြစ်ခဲ့သည်။

စိတ်ဝင်တစားနားထောင်ပေးပြီး ဘာမှတ်ချက်မှမချခဲ့တဲ့ကိုသန့်ကတစ်ခွန်းထဲပြောခဲ့၏။ လူ့ဘဝကတိုတိုလေးတဲ့။ တစ်ခါတစ်လေမှာကိုယ့်အတွက်ကိုယ်စဉ်းစားပြီး စိတ်ထဲပျော်မယ်ထင်ရင်လုပ်သာလုပ်ပါတဲ့။

ချစ်သဝဏ်လွှာ 💌Where stories live. Discover now