Part 24 (Z)

2.4K 111 20
                                    

Maw Kunn

ကုမ္ပဏီဝန်ထမ်းတွေအတွက်သီးသန့်ပြုလုပ်ပေးသော Dinner တွင်ရင်နှီးသောမိတ်ဆွေအချို့ကိုလည်း ဖိတ်ကြားခဲ့ရပါသေးသည်။ ဖိတ်ကြားထားသူများ ခဏတစ်ဖြုတ်မျက်နှာပြနှုတ်ဆက်ပြီးပြန်သွားချိန် အဲရစ်လင်းတို့လိုလူရင်းသုံးလေးဦးသာ မော်ကွန်းနှင့်တစ်စားပွဲထဲထိုင်ကျန်နေခဲ့၏။

အလွန်အကျွံမဟုတ်ပေမဲ့ ကိုယ်ကလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပြီဆိုတော့လည်း အလုပ်သဘောအရသောက်စားနေရင်း ဝန်းထမ်းတွေရှိရာဆီတစ်ချက်တစ်ချက်လှမ်းလှမ်းကြည့်နေမိ၏။

ညနေ ၅ နာရီထဲက စတင်ခဲ့သောညစာစားပွဲလေးမှာ ည ၇ နာရီတိတိတွင်စုပေါင်းမွေးနေ့ပွဲလေးတစ်ခုကို ​ကြား​ဖြတ်ကျင်းပခဲ့ရပါသေးသည်။ ဝန်ထမ်းတွေထဲက မေလမွေးနေ့ရှင်များအားလုံးကိုရွေးထုတ်လိုက်ပြီး ကုမ္ပဏီအနေနှင့်လက်ဆောင်ပေးခြင်းအပြင် မွေးနေ့ကိတ်တစ်လုံးကိုလည်းမှာယူပေးခဲ့ပြီး ဝန်ထမ်းများနှင့်အတူ ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့၏။

မေလမွေးနေ့ရှင်တွေမှာ ၅ ဦးသာရှိပါသည်။ ဒီကိစ္စကိုတော့ မော်ကွန်းကနွေ့ကိုကြိုတင်မသိမ​ပေးထားဘဲ မမတစ်ယောက်ကိုပဲပြောပြခဲ့ပြီး တိတ်တဆိတ်စီစဉ်ခဲ့ခြင်းဖြစ်၏။

စီစဉ်ထားသောမွေးနေ့ကိတ်ကြီးကိုထုတ်ယူလာ၏။ ဝန်ထမ်းများအံအားတသင့်နှင့်ငြိမ်ကျသွားချိန် မမကစီစဉ်ထားသည့်အတိုင်း မေလမွေးနေ့ရှင်များကိုအရှေ့ထွက်လာရန်ခေါ်ပါတော့သည်။ Account ဌာနက ၂ ဦး၊ Store က ၁ ဦး၊ အင်ယာဌာနကတစ်ဦးနှင့် HR ကတော့မော်ကွန်းရဲ့ဘေဘီလေးပေါ့။ အစီအစဉ်ကိုမသိခဲ့သောနွေ့မှာ တစ်ခြားဝန်ထမ်းများနည်းတူ အံ့ဩနေသောမျက်နှာကလေးနှင့်ရှေ့ထွက်လာ၏။

"ဒီနေ့ပွဲ ကုမ္ပဏီဝန်ထမ်းတွေအတွက် ဂုဏ်ပြုညစာစားပွဲလေးလည်းဖြစ်သလို ဝန်ထမ်းတွေအတွက်ဥက္ကဌကစီစဉ်ပေးထားတဲ့ လစဉ်မွေးနေ့ပွဲလေးလည်းပါဝင်ပါ​သေးတယ်။ နောက်လတွေမှာလည်း လအလိုက်မွေးနေ့ရှင်လေးတွေကို အမှတ်တရလက်ဆောင်လေးတွေပေးသွားမှာပါ။ ကုမ္ပဏီအနေနဲ့အကျွေးအမွေးတစ်ခုခုလည်းစီစဉ်ပေးသွားမှာပါ။ ဒီလိုမျိုးပွဲကြီးနဲ့တော့ မဟုတ်ပါဘူး။ မေလမွေးနေ့ရှင်တွေကတော့ ညစာစားပွဲနဲ့တိုက်ဆိုင်သွားတော့ ကံကောင်းသွားတယ်လို့ပြောရမှာပေါ့။ မွေးနေ့ရှင်များအားလုံးကိတ်ခွဲဖို့အတွက်ရှေ့ကိုထွက်လာခဲ့ကြပါအုံးရှင်"

ချစ်သဝဏ်လွှာ 💌Where stories live. Discover now