Part 32 (U)

7.6K 832 367
                                    

Maw Konn

နွေပြန်သွားတာတစ်ရက်ရှိသေးပေမဲ့ မော်ကွန်းအတွက်တော့တစ်ကမ္ဘာလောက်ကြာနေခဲ့၏။ မော်ကွန်းတင်မကကလေးနှစ်ကောင်ကပါ နွေ့ကိုလိုက်ရှာနေတာမြင်မိတော့စိတ်ထဲမကောင်းဖြစ်ရပြန်သည်။ ဘယ်နှစ်ရက်ရယ်ဆိုပြီးတိတိကျကျမပြောသွားတော့ စိတ်မောလူမောနဲ့ကျန်နေခဲ့ရတဲ့အဖြစ်က ထီပေါက်ပြီးမှထီလက်မှတ်ပျောက်သွားသလိုမျိုး။

ရုံးကိုမလာတော့ဘူးပြောခဲ့သူက နေ့လည် ၂ နာရီခွဲမှာရောက်ချလာပြီး မန်နေဂျာအသစ်နဲ့လွှဲစရာရှိတာလွှဲပြီးမှ နှုတ်ဆက်ပွဲလေးလုပ်ကာတိုက်ခန်းကိုပြန်သွား၏။ မော်ကွန်းကလည်းအလုပ်တွေရှုတ်နေတော့ ပြန်သွားတာကိုတောင်မသိလိုက်ပါ။ ဦးလေးသော်ကိုနွေ့အတွက်သီးသန့်ထားပေးလိုက်ပြီး မော်ကွန်းအတွက် Driver အသစ်တစ်ယောက်ထပ်ခန့်လိုက်ရသည်။

နွေ့အတွက်စီစဉ်ထားတဲ့ကုမ္ပဏီကလည်းစတင်လည်ပတ်နေပြီ။ ကုမ္ပဏီကိုပြင်ဆင်ခြင်း၊ အလုပ်သမားခန့်အပ်ခြင်းကိစ္စတွေအတွက် Consultancy Company တစ်ခုကိုအပ်ထားလိုက်ပြီး မန်နေဂျာတစ်ယောက်နဲ့ကြီးကြပ်ခိုင်းစေထားတာ နွေအလုပ်ထွက်စာတင်တဲ့အချိန်ထဲက။ သိပ်လည်းလှသလို အလှအပရေးရာတွေကိုစိတ်ဝင်စားတဲ့ကောင်လေးအတွက် Cosmetic သွင်းကုန်နဲ့ဖြန့်ချီရေး Company မျိုးကအသင့်တော်ဆုံးမဟုတ်လား။

နွေ့အတွက် PA နဲ့ Secretary ကိုတော့ မော်ကွန်းစိတ်တိုင်းကျရွေးပြီးခန့်ထားလိုက်၏။ အသက် ၄၀ ကျော်အရွယ် PA အမည်ခံ Bodyguard အမျိုးသားက ဖေဖေ့မိတ်ဆွေတစ်ဦးလည်းဖြစ်သလို တိုက်ဂွမ်တိုလက်ရွေးစင်အားကစားသမားဟောင်းတစ်ဦးလည်းဖြစ်တော့ နွေ့ကိုကောင်းကောင်းစောင့်ရှောက်နိုင်ပါလိမ့်မယ်။ Secretary အမျိုးသမီးက ခန့်ပြီးပေမဲ့နွေနဲ့မတွေ့ဆုံရသေးဘဲ ကုမ္ပဏီမှာပဲအလုပ်ဝင်နှင့်နေ၏။ PA အမျိုးသားကတော့ လောလောဆယ်မော်ကွန်းအနားမှာပဲနေနေရသည်။

တစ်ယောက်ထဲကျင်လည်နေထိုင်ခဲ့စဉ်က ဘယ်လိုမှမခံစားခဲ့ရပေမဲ့ နွေနဲ့နှစ်ရက်လေးအတူနေလိုက်ပြီးမှ နေလို့မတတ်အောင်ဖြစ်နေမိ၏။ မနေ့ညကအိမ်ပြန်လာချိန် ကလေးနှစ်ကောင်ကိုဝင်ကြည့်ပြီးခဏဆော့ပေးလိုက်ရသေး၏။ ညကဘယ်လိုမှအိပ်မရတဲ့အဆုံး‌ နွေ့အခန်းလေးထဲမှာသွားအိပ်လိုက်ရ၏။ ပြန်ရောက်ချိန်ကနောက်ကျနေတော့ ဖုန်းမဆက်ဖြစ်လိုက်ပါ။ လွမ်းတယ်ဆိုတဲ့အကြောင်း မက်ဆေ့လေးတော့ပို့ဖြစ်အောင်ပို့လိုက်မိပါသေး၏။

ချစ်သဝဏ်လွှာ 💌Where stories live. Discover now