Part 35 (U)

8.5K 819 426
                                    

Ananta Hotel, Bagan.

နွေတို့အဖွဲ့ပုဂံကိုရောက်နေတာ ၃ ရက်ရှိနေခဲ့ပြီ။ နာမည်ကြီးတဲ့ဟိုတယ်တွေအများကြီးရှိတဲ့ထဲကမှ Ananta ဟိုတယ်ကိုရွေးခဲ့ခြင်းက ဟိုတယ်ရဲ့အဆောက်အဦးပုံစံတွေကြောင့်ပါ။ တခြားဟိုတယ်တွေနဲ့မတူဘဲ ရှေးတုန်းကပုံစံနဲ့တည်ဆောက်ထားပြီး ခေတ်မှီတဲ့အပြင်အဆင်တွေနဲ့ဖြည့်စွက်ထားတော့အမြင်ဆန်းသစ်နေ၏။

ဝဿန်နဲ့မကိုဋ်အတွက် Executive ၂ ခန်း၊ ဦးသော်နဲ့အခြားနှစ်ယောက်အတွက် Deluxe ၂ ခန်းကိုစီစဉ်ပေးထား၏။ ဟိုတယ်ကို Check In ဝင်ချိန်မှာ Special Guest အနေနှင့်ဆီးကြိုနှုတ်ဆက်ခြင်းကိုခံခဲ့ရသည်။ နီရဲလှပတဲ့ကျူးလစ်ပန်းစည်းကြီးက ဝဿန့်လက်တစ်ပွေ့စာလောက်ရှိနေပြီး ပ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဝဿန်နဲ့မကိုဋ်အတွက် Executive ၂ ခန်း၊ ဦးသော်နဲ့အခြားနှစ်ယောက်အတွက် Deluxe ၂ ခန်းကိုစီစဉ်ပေးထား၏။ ဟိုတယ်ကို Check In ဝင်ချိန်မှာ Special Guest အနေနှင့်ဆီးကြိုနှုတ်ဆက်ခြင်းကိုခံခဲ့ရသည်။ နီရဲလှပတဲ့ကျူးလစ်ပန်းစည်းကြီးက ဝဿန့်လက်တစ်ပွေ့စာလောက်ရှိနေပြီး ပါကင်ဗူးလှလှလေးထဲမှာတော့ညိုလဲ့နေတဲ့ Gucci Sunglass လေးတစ်လက်။

ကျယ်ဝန်းလှပပြီး Luxury ဆန်တဲ့အပြင်အဆင်တွေနဲ့ အခန်းလေးကိုမြင်လိုက်ချိန်မှာတော့ မော်ကွန်းဆီကိုဖုန်းဆက်လိုက်မိသည်။ သူ့ကိုစပရိုက်တိုက်ထားလို့ပြန်ပြီးလက်စားချေတာတဲ့။ ဖန်ပန်းအိုးလေးတွေထဲမှာထိုးစိုက်ထားတဲ့ကျူးလစ်တွေကအဖြူ အနီနဲ့အဝါရောင် ၃ အိုးတိတိ။ ဘာလို့ ၃ အိုးလဲမေးတော့ I Love You ပါတဲ့။ အနီရောင်ပန်းအိုးလေးရဲအောက်မှာ post card လေးတစ်ခု။

မော်ကွန်းလက်ရေးလှလှလေးနဲ့ရေးထားတဲ့သံပေါက်ကဗျာလေးတစ်ပုဒ်ကြောင့် ဝဿန့်မျက်နှာလေးကြည်ရွှင်သွားရ​ပြန်သည်။

ဖြူနီဝါသွေး
ကြိုက်ရာရွေး
နွေမွှေးကြူဖို့ရာ...။

ပျော်ရွှင်ဖို့ရေး
ဖြည့်ဆည်းပေး
ချိုတေးထပ်ကဗျာ။

ချစ်သဝဏ်လွှာ 💌Where stories live. Discover now