Part 30 (U)

9K 820 423
                                    

Maw Konn

ခြေလှမ်းတွေကလှေကားထစ်လေးတွေကိုစတက်လှမ်းလိုက်ချိန်မှာပဲ ကျောပြင်ကိုဗျောတင်ခံလိုက်ရခြင်းကအဆုတ်တောင်ကွာကျသွားမတတ်။ ဘယ်ကအားအင်တွေထွက်လာမှန်းမသိအောင် နာနာကျင်ခံစားလိုက်ရပေမဲ့ ပုခုံးပေါ်ကခန္ဓာကိုယ်လေးကိုပေါင်ရင်းကနေတင်းတင်းပွေ့ဖက်ထားလိုက်ရင်း လှေကားကနေနောက်ပြန်မကျသွားစေဖို့ပဲအာရုံစိုက်ထားလိုက်ရသည်။

"ဘာလုပ်တာလဲ၊ လွှတ်နော် လွှတ်ဆိုမှ။ ဒီအိမ်မှာမနေနိုင်တော့ဘူးလို့ပြောနေတယ်လေ၊ ငါ့ကို...ငါ့ကိုဘယ်ခေါ်သွားနေတာလဲ"

"နေမယ်ပြောလိုက်မနေဘူးပြောလိုက်နဲ့လုပ်ရအောင် ကိုယ့်အိမ်ကဇရပ်လား။ မင်းကတိနဲ့မင်းပဲ၊ မနေချင်လည်းနေရမယ် နေချင်လည်းနေရမယ်။ ဒါပဲ"

"မင်းစိတ်သဘောအတိုင်းလုပ်ရအောင် မင်းနဲ့ငါကဘာဆိုင်လို့လဲ။ အေး ဆိုင်ရင်လည်းငါမနေချင်တော့ဘူး၊ မနေချင်တော့ဘူးလို့ပြောနေတယ်လေ လွှတ်၊ ငါကိုသန့်ကိုလာခေါ်ခိုင်းထားတယ်"

"ကိုသန့်ကမင်းလင်မို့လို့လား"

"ဘာ...မင်းမိုက်ရိုင်းလှချည်လား"

"ကိုယ်ရိုင်းချင်လာအောင်နွေလုပ်နေတာ​လေ၊ ကိုယ့်ရှေ့မှာတောင်ဒီကောင်ကိုလာခေါ်ဖို့ဖုန်းဆက်ရဲတယ်ပေါ့။ သတ္တိတွေကောင်းနေတာလား၊ ဘယ်လင်အားကိုးနဲ့လဲပြောစမ်း"

"ငါ...ငါတို့ကတစ်တိုက်ထဲနေကြတာ၊ မင်း...မင်းထင်သလိုမဟုတ်ဘူး။ ငါ့ကိုတွေ့ကရာနဲ့မပေးစားနဲ့၊ ငါ့ကိုမင်းလိုကောင်စားမျိုးများမှတ်နေလား"

"လာခေါ်ခိုင်းနေတာကိုကကိုယ့်ကိုဂရုမစိုက်တာ​လေ၊ ကိုယ့်ရှေ့မှာတောင်ဖုန်းခေါ်ရဲတယ်"

"မင်းကမှလိုက်မပို့ပေးတာ၊ လာခေါ်နိုင်တဲ့လူကိုခေါ်ရတာပေါ့"

"လိုက်ပို့ပေးစရာလား၊ လာခေါ်ခိုင်းစရာလား။ အလုပ်ကိုမဟုတ်ဘူး"

"ငါ့ဘာသာဘာလုပ်လုပ်...လျှာလာမရှည်နဲ့၊ လွှတ်...လွှတ်လို့ပြောနေတယ်နော်"

အော်ဟစ်ရင်းကျောကုန်းကိုအားကုန်ထုလာတော့ စိတ်တိုတိုနဲ့တင်ပါးလေးကိုတစ်ချက်တီးထည့်လိုက်ချိန် လက်တွေနဲ့ပါကုတ်ဆွဲပါတော့သည်။ အင်္ကျီခံနေလို့သိပ်မနာပေမဲ့ သွားနဲ့ပါကုန်းကိုက်နေတော့ မော်ကွန်းကျောပြင်မှာနာကျင်သွား၏။

ချစ်သဝဏ်လွှာ 💌Where stories live. Discover now